စစ်ကိုင်းခရိုင် မြောင်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေး နှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ကတ္တရာလမ်းသစ် ခင်းခြင်း လုပ်ငန်းဆောင်ရွက်

မြောင်   နိုဝင်ဘာ ၁၁

စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ် စည်ပင်သာယာ ရေး ကော်မတီမှ (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ခွင့်ပြု ရန်ပုံ ငွေဖြင့်မြောင်မြို့မြို့သစ်ရပ်ကွက်၊ အမှတ် (၅)လမ်း ကတ္တရာလမ်သစ် ခင်းခြင်း လုပ် ငန်းခွင်သို့ မြို့နယ်စည်ပင်သာယာရေး ကော် မတီ ဥက္ကနှင့် အဖွဲ့ဝင်များက ယနေ့ နံနက်က လုပ်ငန်းများအချိန်နှင့်အညီ ပြီးစီးစေရေး အတွက် ကြီးကြပ်ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။

မြောင်မြို့၊မြို့သစ်ရပ်ကွက် အမှတ်(၅) လမ်းကတ္တရာလမ်းသစ်ခင်းခြင်း လုပ်ငန်း ခွင်သို့ မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးတင်ထွန်း၊ မြို့နယ်စည်ပင်သာ ယာရေးကော်မတီ အမှုဆောင်အရာရှိ ဦးကျော်ထင်မောင်၊မြို့နယ်စည်ပင်သာယာ ရေးကော်မတီ တာဝန်ခံ အင်ဂျင်နီယာ ဦးနိုင်ဝင်းတို့က ကတ္တရာလမ်းသစ်ခင်းခြင်းလုပ်ငန်း သတ်မှတ်ထားသည့် အတိုင်း အတာ မှန်ကန် ရေးနှင့်အရည်အသွေးပြည့်မီရေး အတွက် အနီးကပ် ကြီးကြပ် ဆောင်ရွက် လျှက်ရှိကြောင်း သိရသည်။

အဆိုပါကတ္တရာလမ်းသစ်မှာ အလျား (၄၅၀)ပေ၊ အနံ(၁၂)ပေ၊ ထုအမြင့်(၁၁)လက်မဖြစ်ပြီး၊ ခွင်ပြုရန်ပုံငွေကျပ်(၇၇၃၅၀၀၀) ဖြင့် အကောင်အထည်ဖော် လုပ်ဆောင်လျှက် ရှိကြောင်း သိရသည်။

တင်ကိုကို(မြောင်)