လယ်ဝေးမြို့နယ်တွင် CERP စီမံကိန်းဖြင့်ဆောင်ရွက်သည့် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း စံကွက်ရိတ်သိမ်း

လယ်ဝေး    နိုဝင်ဘာ ၁၁

ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ CERP စီမံကိန်းဖြင့် ဆောင်ရွက်သည့် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း စံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက်()နာရီက လယ်ဝေး မြို့နယ်အဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ(IHTDV) ခရမ်းကိုင်းတွင် ရိတ်သိမ်းဆောင်ရွက်ခဲ့သည်။

ထိုသို့ရိတ်သိမ်းဆောင်ရွက်ရာတွင် လယ်ဝေးမြို့နယ် သစ်သိမ့်ပင်အုပ်စု၊ ကျောင်းကုန်း ကျေးရွာမှ တောင်သူ ဦးတင်ငွေ၏လယ်မြေ ကွင်းအမှတ်၊ (၁၈၂၃) ဦးပိုင်အမှတ်၊ (၂၃)ရှိ လယ်မြေဧက()ဧကခန့်ကို ရိတ်သိမ်းခြွေလှေ့ခဲ့ရာ စပါး(အစို)အထွက်နှုန်းမှာ တစ်ဧကလျှင် (၁၆၇. ၆၅)နှုန်းဖြင့် ထွက်ရှိခဲ့ကြောင်း သိရသည်။

မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း စံကွက်ရိတ်သိမ်းရာသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးစောဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေဇော်ချစ်(ပြန်/ဆက်)