ဇလွန် နိုဝင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ၂၀၂၀ ပြည့်နှစ် ဧပြီလမှစတင်၍ ဇလွန်မြို့မ ဈေးသစ်အတွင်းရှိ စျေးရောင်း/ဈေးဝယ်သူများတွင် Mask တပ်ဆင်ခြင်း ရှိ/မရှိကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများက နေ့စဉ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်လျက်ရှိရာတွင် ယနေ့နံနက်ပိုင်းက ဇလွန်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဒုတိယဦးစီးမှူး ဦးတင်ဝင်းနှင့် တာဝန်ရှိသူများက ဈေးရောင်း/ဈေးဝယ်သူများတွင် Mask တပ်ဆင်ခြင်း ရှိ/မရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိတို့ကို လိုက်လံ စစ်ဆေးခဲ့ကြပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် မြို့နယ်အတွင်းရှိ ဈေးများတွင် အခြေခံစားသောက်ကုန်များကို သတ်မှတ်အချိန် အတွင်းသာ ရောင်းချခွင့်ပြုထားကြောင်း သိရသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)