မိုင်းရှူး နိုဝင်ဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်အတွင်းရှိ ဈေးများ၊ လူသွားလာမှု များပြားသည့် လမ်းထိပ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာမြှင့်တင်ရေးနှင့် နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရေးလှုပ်ရှားမှုအဖြစ် ယနေ့နေ့လည် ၂နာရီအချိန်မှစ၍ Mask Campaignကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် ဈေးများ၊ ဈေးဝယ်သူများနှင့် ဈေးသည်များ၊ လူသွားလာဖြတ်သန်းမှုများသည့် လမ်းမများတွင် ပါးစပ်နှင့် နှာခေါင်းစည်း(Mask)များ၊ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များ ဝေငှခြင်း၊ လမ်းသွားလာပြည်သူများနှင့် ဈေးသည်များအား ကျန်းမာရေး ဦးစီးဌာန၏ညွှန်ကြားချက်များ သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များ အသိပညာပေးပြောကြားသည်။
အဆိုပါဆောင်ရွက်မှုတွင် မြို့နယ်အဆင့်ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဦးစိုးမင်းထွဋ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်နီချစ်နှင့်ကော်မတီဝင်များ၊ မြို့နယ်ကျန်းမာရေးဌာနမှူးဒေါက်တာ ကျော်ဇင်ထွန်းနှင့်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းပါဝင်လျက် Mask (၁၂၀၀)ခု၊ ကိုဗစ်-၁၉ရောဂါအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် ဆောင်ရန်/ရှောင်ရန်များကို Hand Speaker ဖြင့် ကြေညာပေးခြင်း၊ ဆောင်းဘောက်(စ်) ဖြင့် ဖွင့်လှစ်၍အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)