ပုံပါကျင် နိုဝင်ဘာ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင် ၊ပုံပါကျင်မြို့၌ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် ပါးစပ်နှင့်နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး(Mask Campaign) ကို ပုံပါကျင်မြို့မဈေးရှေ့တွင် ယနေ့နံနက် ၆ နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး လူတိုင်း ပါးစပ်နှင့်နှာခေါင်းစည်းမဖြစ်မနေ စနစ်တကျတပ်ဆင် အသုံးပြု ရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှုကို သိသာစွာနေကွေးစေရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ရောဂါကူးစက် ဖြစ်ပွားမှု နှေးကွေးစေခြင်းဖြင့် ဆေးရုံများ၊ ကျန်းမာရေးဌာနများတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရာ ဝန်နှင့်အား မျှတစွာ ဆောင်ရွက်နိုင်မည် ဖြစ်သောကြောင့် ဈေးများ၊ကားဂိတ်များအစရှိသည့် လူအများ သွားလာရာ နေရာများတွင် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပြီး တစ်နိုင်ငံလုံးအတိုင်းအတာနှင့်ဆောင်ရွက်ခြင်းဖြစ်ပြီး ပုံပါကျင်မြို့တွင်လည်း ၎င်းအစီအစဉ်ကို ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ပုံပါကျင်ကျေးလက် ကျန်းမာရေးဌာနမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းအစီအစဉ်တွင် ပုံပါကျင်မြို့ အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာပူးပေါင်း၍ ပုံပါကျင်မြို့မဈေးအတွင်းရှိ ဈေးရောင်း/ဈေးဝယ်များနှင့် မြို့တွင်းသွားလာသူ ပြည်သူများအား Mask အခုရေ (၁၅၀)ခန့် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိသည်။
စန္ဒီ(ပြန်/ဆက်)