ရွာငံ နိုဝင်ဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ရွာငံဈေးတွင် ဈေးရောင်း ဈေးဝယ်များ နှင့်ဈေးလာပြည်သူများအား Mask Campaign ကို ယနေ့ နံနက် (၇) နာရီကအဆိုပါဈေးအတွင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ဆောင်ရွက်ရာတွင် ရွာငံမြို့နယ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဉီးအောင်စိုးမင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးစည်သူနှင့်ဝန်ထမ်းများ၊ မြို့နယ်ဆရာဝန်ကြီး ဒေါတ်တာ ခွန်ဝင်းလတ် နှင့် ကျန်းမာရေးဝန်ထမ်းများ၊ စည်ပင်သာယာရေးကော်မတီဉက္ကဋ္ဌ ဉီးအောင်ကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အလုပ်အမှုဆောင် အရာရှိ ဉီးဝဏ္ဏကျော်နှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်အများပြည်သူများ ကိုဗစ်-၁၉ ကူးစက်ရောဂါ ဘေးမှကင်းဝေးစေရန်နှင့် အပြင်ထွက် လျှင် Maskတပ်သည့်အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန် ပြည်သူလူထု ပူးပေါင်း ပါဝင်လာနိုင်စေရန်နှင့် ဈေးသို့လာရောက်ကြသောဈေးသူ၊ ဈေးသားများ၊ ဈေးရောင်း ဈေးဝယ်များအား နှာခေါင်းစည်း(MasK)များ အခမဲ့ပေးဝေခဲ့ကြသည်။
ထို့နောက် ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ရေးအတွက်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း နေထိုင်သွားလာရေး၊ ဆောင်ရန်ရှောင်ရန်များကို Hand Speaker များဖြင့် အသိပညာပေးနှိုးဆော်ခြင်းများဆောင် ရွက်ခဲ့ကြသည်။
ထွန်းထွန်းဝင်း ( ရွာငံ )