တာချီလိတ် နိုဝင်ဘာ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ စည်ပင်သာယာရေးနှင့်ဌာနဆိုင်ရာများ ပူးပေါင်းပြီး ပြည်သူများအား ကိုဗစ်−၁၉ ရောဂါကူးစက်မှု ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး လုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းအချိန်၌ တာလော့ရပ်ကွက်ရှိဈေးများတွင်ပြုလုပ်ခဲ့ကြသည်။
တာလော့ဈေးအတွင်း ဈေးရောင်း ဈေးဝယ်သူများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ် -၁၉ ကူးစက်ရောဂါအကြောင်း သိကောင်းစရာများ၊ လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများ စည်းကမ်းချက်များကို ရှင်းလင်းဟောပြောခြင်း၊ Mask များ ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
အသိပညာပေးလုပ်ငန်း ဆောင်ရွက်ခဲ့ကြရာတွင် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင် သိရသည်။
ယာဆေး