အင်းစိန် မတ် ၂၁
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့ မွန်းလွဲပိုင်းက Book Club အဖွဲ့ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ကျင်းပသည်။
စာဖတ်ဝိုင်း ဆွေးနွေးပွဲတွင် Book Club အဖွဲ့ နာယက ဦးရန်နောင် (ရန်နောင်-ပညာရေး)နှင့် အင်းစိန်မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးတော်မြင့်(တော်မြင့်-ငှက်ဖျား)တို့က အဖွင့်အမှာစကားပြောကြားကြပြီး အင်းစိန်မြို့နယ် စာပေဥယျာဥ်အသင်း Book Club အဖွဲ့ ဥက္ကဋ္ဌ ဦးဘိုကြည်(ဒေါက်တာဗိုလ်သံမဏိတောင်တွင်းကြီး)က စာဖတ်ဝိုင်းပြုလုပ်ရခြင်း အကြောင်းများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စာဖတ်ဝိုင်းတက်ရောက်လာသူများထဲမှ စာရေးဆရာ မင်းသီဟရာဇာက စာရေးဆရာမ `ခင်ဆွေဦး´ ရဲ့ `ဒို့တိုင်းဌာနီ´ စာအုပ်အကြောင်းကို ဦးဆောင်ဆွေးနွေးသည်။ ထို့နောက် ဆွေးနွေးပွဲကို တက်ရောက်လာသော စာရေးဆရာများက ပြန်လည် ဆွေးနွေးခဲ့ကြပြီး၊ Book Club အဖွဲ့နာယက ဦးသက်တင်(မောင်သာတင့်-မြန်အောင်)က ကျေးဇူးတင်စကားပြောကြားပြီးနောက်၊ မြို့နယ်စာရေးဆရာအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းမြင့်(မောင်မောင်ဝင်းမြင့်-မှုခင်း)က ကျေးဇူးတင်စကားပြောကြားပြီး ဦးဆောင်ဆွေးနွေးပေးသော စာရေးဆရာကို အမှတ်တရလက်ဆောင်များပေးအပ်ကြကြောင်း သိရသည်။
ထွန်းလင်းကျော်(ပြန်/ဆက်)