ကျိုက်ထိုမြို့နယ်တွင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲစာအောင် ဆုနှင်းသဘင် ဆက်ကပ်လှူဒါန်းပူ‌ဇော်ခြင်း အခမ်းအနား ကျင်းပ

ကျိုက်ထို မတ် ၂၂

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ စာအောင်ဆုနှင်းသဘင် ဆက်ကပ်လှူဒါန်းပူ‌ဇော်ခြင်း အခမ်းအနားကို မတ်လ ၂၁ ရက်က မြို့နယ်သာသနာ့ဗိမာန်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်အနားကို နမောတဿ (၃) ကြိမ် ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်ပြီး ကံကြီးဝိုင်‌ကျောင်းဆရာတော် ဘဒ္ဒန္တသံဝရထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ဆရာတော်၊ သံဃာတော်၊ အရှင်သူမြတ်တို့က မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဇျယ် ချီးမြှင့်တော်မူခဲ့သည်။

ယင်းနောက် ကျိုက်ထိုခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်မှ သာသနာရေးဆိုင်ရာများကို လျှောက်ထားပြီး ကျိုက်ထိုခရိုင် စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးကံ‌စောလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်နှင့် အဖွဲ့ဝင်များက ဆရာတော်၊ သံဃာတော်၊ အရှင်သူမြတ်များထံ နဝကမ္မ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာ‌အောင်သံဃာတော်များအား အောင်လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ်လှူဒါန်းခဲ့ရာ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာသဒ္ဓမ္မ‌ ဇောတိကဓဇ ရတနာကံဦးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တတိက္ခသာရမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရား နာကြားကာ ရေစက်သွန်းချ အမျှပေးဝေပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု (၃) ကြိမ်ရွတ်ဆို ဆုတောင်း၍ ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း

သိရသည်။

ပြည့်ဖြိုး(ပြန်/ဆက်)