မြောင်းမြမြို့ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများက ကြို့ကုန်းကျေးရွာအုပ်စုအတွင်းရှိ ပြည်သူ (၆၀၀)ခန့်အား အခမဲ့ဆေးကုသပေးနိုင်ခဲ့

အိမ်မဲ မတ် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်ကြို့ကုန်းကျေးရွာ အ-ထ-က ကြို့ကုန်းကျောင်းတွင် စုရပ်ပြုလုပ်ပြီး မြောင်းမြမြို့ ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများက ကွင်းဆင်း၍ ကြို့ကုန်းကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအား အခမဲ့ဆေးကုသပေးခြင်းကို ယနေ့နံနက် (၈)နာရီက စတင်ကကုသပေးခဲ့သည်။

အဆိုပါကွင်းဆင်းဆေးကုသပေးခြင်းကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ပြည်သူ့ဆေးရုံကြီး၊ မြောင်းမြမြို့မှ ဆေးရုံအုပ်ကြီး ဦးဆောင်၍ သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး၊ အရိုးအထူးကုဆရာဝန်ကြီး၊ အထွေထွေရောဂါကုသမားတော်၊ ကလေးအထူး ကုဆရာဝန်၊ မျက်စိအထူးကုဆရာဝန်၊ အရေပြားအထူးကုဆရာဝန်၊ သွားဘက်ဆိုင်ရာ အထူးကုဆရာဝန်နှင့် နှား/နှာခေါင်း/လည်းချောင်း အထူးကုဆရာဝန်၊ ခွဲစိပ်ဆရာဝန်တို့ ပါဝင်သော အထူးကုဆေးကုသရေးအဖွဲ့သည် ၂၀၂ခုနှစ်၊ မတ်လ (၂၁) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ကြို့ကုန်းကျေးရွာအုပ်စုအတွင်းရှိ  ဒေသခံပြည်သူ့များအား မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ကွင်းဆင်းကုသမှုများ ဆောင်ရွက်ပေးခဲသည်။

ထိုကဲ့သို့ ကုသပေးခဲ့ရာ၌ အထွေထွေရောဂါလူနာ (၁၄၄) ဦး ၊ မျက်စိလူနာ (၁၀၁) ဦး၊ အရိုးအကြောလူနာ (၁၅၇) ဦး၊ သွားနှင့်ခံတွင်းလူနာ (၃၆) ဦး၊ ကလေးရောဂါလူနာ (၂၆) ဦး၊ အရေပြားလူနာ (၃၀) ဦး၊ ကိုယ်အင်္ဂါပြန်လည်သန်းစွမ်းရေးလူနာ (၃၇)ဦး၊ နား/နှာခေါင်း/လည်ချောင်းလူနာ(၂၇)ဦး၊ သားဖွားမီးယပ်လူနာ(၁၁)ဦး၊ ခွဲစိတ်ရောဂါလူနာ (၁၆) ဦးတို့အား ကြည့်ရှုကုသပေးခဲ့ပြီး ညွှန်းပို့လူနာ (၃) ဦးအား ပြည်သူ့ဆေးရုံကြီး မြောင်းမြမြို့တွင် လိုအပ်သော ကုသမှုများ ဆက်လက်ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ကာ အဆိုပါကုသနေမှုများအား မြောင်းမြခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ  ဦးသက်ကိုကိုဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် လာရောက်ပြသသည့် ဒေသခံ ပြည်သူများကို ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

ချစ်သက်လယ် (အိမ်မဲ)