ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါ Case-66020 မှာ (၂)ကြိမ် ဆက်တိုက်ရောဂါပိုး မတွေ့ရှိတော့သဖြင့် ဟားခါးမြို့ တိုင်းရင်းဆေးရုံမှ ဆင်းခွင့်ပြု

ဟားခါး         နိုဝင်ဘာ        ၂၄

ချင်းပြည်နယ် ဟားခါးမြို့မှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ Case-66020 အမျိုးသမီး     (အသက်-၆၂ နှစ်)အား ဟားခါးမြို့ တိုင်းရင်းဆေးရုံကြီးသို့ ကြီးကြပ်ကန့်သတ်၍ ဆေးကုသမှု ခံယူနေရာမှ  ဓာတ်ခွဲ စစ်ဆေးမှုတွင် (၂)ကြိမ်ဆက်တိုက်  ရောဂါပိုး မတွေ့ရှိ ရတော့သဖြင့် နိုဝင်ဘာလ ၂၃ရက်နေ့ကဆေးရုံမှ ဆင်းခွင့်ပြုပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ Case-66020 အမျိုးသမီး     (အသက်-၆၂ နှစ်)မှာ ၃.၁၁.၂၀၂၀ ရက်နေ့တွင် ရန်ကုန်မှ ပြန်လာကြပြီးနောက် ၄.၁၁.၂၀၂၀ရက်နေ့တွင် ဟားခါးမြို့အဝင် ဂန့်ဂေါလမ်း စစ်ဆေးရေး ဂိတ်သို့ရောက်ရှိလာပြီး G.T.I Facility Quarantine တွင် ဝင်ရောက်ခဲ့ကြောင်း၊ Facility Quarantineတွင် ဝင်ရောက်နေစဉ်အတွင်း Swab ဓာတ်ခွဲစစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး လူနာ၏ Swabအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ ဓါတ်ခွဲစစ်ဆေးနိုင်ရန် ဓါတ်ခွဲနမူနာပစ္စည်းများကို မန္တလေးပြည်သူ့ ကျန်းမာရေး ဓါတ်ခွဲမှု ဆိုင်ရာဌာနသို့ပို့ဆောင်ခဲ့ရာ ပိုးတွေ့လူနာ Case-66020 အဖြစ် Positive ဖြစ်သဖြင့်  ဟားခါးမြို့၊ တိုင်းရင်းဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေပြီးနောက် ဆေးကုသမှု ခံယူရာ ဆေးရုံတက်ရောက် ကုသနေစဉ်အချိန်မှစ၍ ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး ဓာတ်ခွဲစစ်ဆေးမှုတွင် (၂)ကြိမ်ဆက်တိုက်  ရောဂါပိုး မတွေ့ရှိ ရတော့သဖြင့် ဆေးရုံက ဆင်းခွင့်ရပြီး ၄င်း၏ နေအိမ်တွင် Home Quarantine (၇)ရက် ဆက်လက်နေထိုင်ရန် မှာကြားခဲ့ကြောင်း ဟားခါးမြို့နယ် ကိုဗစ်-၁၉ ​ရောဂါကာကွယ်ရေးနှင့်တုံ့ပြန် ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရှိ ရသည်။

ခရိုင်(ပြန်/ဆက်)