အင်းတော် ဒီဇင်ဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်တွင် Covid–19 ရောဂါကြိုတင်ကာကွယ်ထိန်းချုပ် နိုင်ရေးလုပ်ငန်းများကို အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်သည့်အနေဖြင့် Mask Camping ပြုလုပ် ဆောင်ရွက်ခြင်းကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ( ၂ ) ရက် နံနက် ( ၈ ) နာရီအချိန်က အင်းတော်မြို့တွင်းရှိ လူစည် ကားရာနေရာဖြစ်သော အင်းတော်မြို့မဈေးနှင့် အင်းတော်မြို့ မြန်မာ့စီးပွားရေးဘဏ်ရုံးရှေ့တွင် အင်းတော်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာ ဦးစီးဌာန တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အဖွဲ့အနေဖြင့် အင်းတော်မြို့အတွင်းသို့ အကြောင်းအမျိုးမျိုးဖြင့် နေအိမ်ပြင်ပသို့ ထွက်ရှိလာသူများ အား Mask များအခမဲ့ဝေငှပေးခြင်း၊ Mask များကိုစနစ်တကျ တပ်ဆင်ပေးခြင်း၊ Covid – 19 ရောဂါကြိုတင် ကာကွယ်ရေးအတွက် ရည်ရွယ်၍ အင်းတော်မြို့ Fitness Dance အကအဖွဲ့မှ Go Away Corona သီချင်းဖြင့် ကပြဖျော်ဖြေပြီး ပြည်သူများအား အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ ယင်းအဖွဲ့တွင် အင်းတော်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးသိန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် စည်ပင်သာယာ ရေးကော်မတီအဖွဲ့ဝင်များ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဒေါ်မြင့်မြင့်စန်းနှင့် ဝန်ထမ်း များ၊ Fitness Dance အကအဖွဲ့မှ အဖွဲ့ဝင်များ ပါဝင်ခဲ့ကြကြောင်း သိရသည်။
ခန့်ဇော်ပိုင်