ပြင်စလူမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရန် နှာခေါင်းစည်း(Mask)များ တပ်ဆင်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့အတွင်း အများပြည်သူများ ကိုဗစ်-၁၉ရောဂါ ကူးစက်မှု မဖြစ်ပေါ်စေရန် အတွက် ပြင်စလူမြို့ အမှတ် (၁)၊ (၂)၊ (၃) ရပ်ကွက်များတွင် နှာခေါင်းစည်း (Mask)များ တပ်ဆင်ရေး အသိပညာပေး လုပ်ငန်းများကို ယနေ့နံနက် ၈ နာရီအချိန်ခန့်က ပြုလုပ်ခဲ့သည်။

လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်စည်ပင်သာယာရေး သန့်ရှင်းရေးဝန်ထမ်း(၉၅)ဦးအား အခြေခံစားသုံးကုန် များလှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်အတွင်း၌ ကိုဗစ်−၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း မြို့နယ် စည်ပင်သာယာရေးကော်မတီစီမံခန့်ခွဲမှု လက်အောက်ရှိ စည်ပင်သာယာရေး သန့်ရှင်းရေးဝန်ထမ်း (၉၅)ဦးအား အခြေခံစားသုံးကုန်များကို ယမန်နေ့ မွန်းလွဲပိုင်းက ဦးဇော်ဝင်း မိသားစုမှ လှူဒါန်းသည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် နေအိမ်ပြင်ပထွက်ခွာပါက နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်စေရေး အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ထိမ်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့များမှ ယနေ့နံနက် ၈ နာရီအချိန်က ကျန်းမာရေး အသိပညာပေး လုပ်ငန်းအဖြစ် ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်စေခြင်းနှင့် ပြည်သူများရောဂါ နှင့်ပတ်သတ်၍ သိသင့်သိထိုက်သည့် ကိုဗစ်-၁၉ရောဂါ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း လုပ်ငန်းများ ဆောင်ရွက်သည်။

စစ်ကိုင်းမြို့နယ်တွင် စိုက်ပျိုးထားသည့် ဆောင်းမြေပဲ ဆင်းပဒေသာ စိုက်ခင်းအား ကွင်းဆင်းကြည့်ရှု နည်းပညာများ ဖြန့်ဝေပေး

စစ်ကိုင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန တဲကြီးမြို့မ နည်းပညာပြန့်ပွားရေးစင်တာမှ တာဝန်ခံနှင့် စိုက်ပညာရှင် ဝန်ထမ်း များသည် နယ်မြေအတွင်းရှိ ဗြဲတရော်ကျေးရွာကွင်းအမှတ် (၈၃၈) တောင်သူဦးစိုးကြီး၊ ဦးကံထူးမောင်၊ ဒေါ်သန်းခင်ဦး တို့၏ ဆောင်းမြေပဲဆင်းပဒေသာ

လသာမြို့နယ်တွင် Stay at home မလိုအပ်ပဲ ပြင်ပသို့ သွားလာလျက်ရှိသည့် မော်တော်ယာဉ်များ မရှိစေရေးအတွက် အသိပညာပေးဆောင်ရွက်

Stay at home ကာလအတွင်း ပြည်သူများ နေအိမ်ပြင်ပသို့ မဖြစ်မနေကိစ္စများမှလွဲ၍ သွားလာခြင်းမပြု ရန် ပြည်သူများ လိုက်နာစေရန်အတွက် အသိပညာပေးဆောင်ရွက်ခြင်းကို လသာမြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေး မှူးများမှ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဒုတိယအကြိမ် စစ်ကိုင်တိုင်းဒေသကြီး လွှတ်တော် (၂၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကျင်းပ မည်

ဒုတိယအကြိမ် စစ်ကိုင်တိုင်းဒေသကြီး လွှတ်တော် (၂၅)ကြိမ်မြောက် ပုံမှန် အစည်း အဝေးကို ၂၀၂၀-ပြည့်နှစ်၊ ဒီဇင်ဘာလ (၁၄)ရက်နေ့ နံနက်(၁၀)နာရီအချိန်မှ စတင်၍ မုံရွာ မြို့ ၊ အိုးဘိုတောင်ရပ်ကွက်ရှိ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ရုံး အစည်းအဝေး ခန်းမ တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ရွှေဘိုခရိုင် ဝက်လက်မြို့နယ် အေးကုန်းကျေးရွာတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းဖြင့် မိသားစုဝင်ငွေများရရှိနေမှုကို ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် အေးကုန်းကျေးရွာတွင် ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်းဖြင့် ဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ဝက်လက်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ကြည့်မြင်တိုင်မြို့နယ်တွင် ဓါတ်အားလိုင်းကြိုးနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း​ဆောင်ရွက်

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် လျှပ်စစ်ဓာတ်အားလိုင်းကြိုးများနှင့် မလွတ်ကင်းသည့် သစ်ပင် သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းခြင်းကို ယမန်​နေ့ နံနက်ပိုင်းက ဟံသာဝတီလမ်းနှင့် အခြားလိုအပ်​သော​ နေရာများတွင် လျှပ်စစ်ကြိုးများနှင့် မလွတ်ကင်းသည့် အန္တရာယ်ရှိ​သော သစ်ပင်သစ်ကိုင်းများအား ရှင်းလင်း​ဆောင်ရွက်ခဲ့​ကြောင်း သိရ သည်။

ဂန့်ဂေါမြို့ မြို့မဈေး မီးဘေးအန္တရာယ်ကင်းရေး ဆွေးနွေး

ဂန့်ဂေါမြို့ မြို့မဈေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် တာဝန်ရှိသူများ တွေ့ဆုံ ဆွေးနွေးခြင်း ကို ယမန်နေ့က ဂန့်ဂေါမြို့ မြို့မဈေး ဈေးကော်မတီရုံးတွင် ပြုလုပ်သည်။

မော်လမြိုင်ခရိုင်မုဒုံမြို့နယ်တွင်လူငယ်နှင့်မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာအသိပညာပေး (Talk Show) ပြုလုပ်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြု ဗဟိုဌာန(Community Center)ခန်းမတွင် ယနေ့ နံနက်(၁၀)နာရီခန့်က လူငယ်နှင့် မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာအသိပညာပေး Talk Show ကိုပြုလုပ်သည်။
Subscribe to