လွိုင်လင်မြို့၌ မြို့တွင်းရေပိုက်လိုင်းများအား PVC ပိုက်များဖြင့်အစားထိုးလှဲလှယ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ် စည်ပင်သာယာရေးဌာနမှ မြို့တွင်းရေသုံးစွဲသူပြည်သူများ ရေပြတ်လပ်မှုမရှိစေရေး၊ အလေအလွင့်ဆုံးရှုံးမှုမရှိစေရေး တို့အတွက် ယခင်သွယ်တန်းထားသော (CI)ပိုက်များအစား (PVC) ပိုက်ဖြင့် အစားထိုး လှဲလှယ်ခြင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် လုပ်ငန်းများကို ဒီဇင်ဘာလ ပထမပတ်က စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချင်းရွှေဟော်၌ ကိုဗစ်-၁၉ အတည်ပြုလူနာနှင့်ထိတွေ့ခဲ့သူများအား ဓာတ်ခွဲနမူနာများရယူစစ်ဆေး

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ အမျိုးသမီးတစ်ဉီးထံမှ ဒီဇင်ဘာ(၂)ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ ရှိခဲ့ရာ ၎င်းကိုဗစ်-၁၉အတည်ပြုလူနာနှင့်ထိတွေ့ခဲ့သူ(၅၅)ဉီးအား ချင်းရွှေဟော်မြို့၊ ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဉီးစီးဌာနမှ တာဝန်ခံဆရာဝန် ဒေါက်တာသီဟနှင့်ဝန်ထမ်းများက ၎င်းတို့၏ အာခေါင် တို့ဖတ်၊ နှာခေါင်း တို့ဖတ်ဓါတ်ခွဲနမူနာများ ရယူခြင်းကို ယမန် နေ့မွန်းလွဲ(၂) နာရီအချိန်က ချင်းရွှေဟော်မြို့ ၊ပြည်သူ့ ဆေးရုံ၌ ဆောင်ရွက်ခဲ့သည်။

ကျောက်ဆည်မြို့နယ်တွင် လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီဆောင်ရွက်ထားမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဖွင့်လှစ်ခွင့်တင်ပြသထားသည့် လက်ဖက်ရည ဆိုင်များနှင့်စားသောက် ဆိုင်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိ စစ်ဆေးခြင်းများကို ယမန်နေ့နံနက် (၁၀)နာရီက မြို့နယ်ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအဖြစ် ကျွန်းစုမြို့တွင် အသိပညာပေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေး လျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းက အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး နိုဝင်ဘာ(၂၅)ရက်နေ့မှ ဒီဇင်ဘာ(၁၀)ရက် အတွင်း (၁၆) ရက်တာ လှုပ်ရှားမှုအဖြစ် ယမန်နေ့ နံနက်ပိုင်းက ကတ္တလူကျေးရွာအုပ်စု၊ ထိန်ချောင်း ကျေးရွာတွင် အသိပညာပေး ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

မိုင်းဆတ်မြို့၌ သက်ငယ်မုဒိမ်းကင်းစင်ရေး အသိပညာပေး လက်ကမ်းစာစောင်နှင့် Mask အခမဲ့ဖြန့်ဝေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ သက်ငယ်မုဒိမ်းကင်းစင်ရေး အသိပညာပေးလက်ကမ်း စာစောင်နှင့် Mask အခမဲ့ဖြန့်ဝေခြင်းကို ယာယီပျံကျဈေးနှင့် မြို့မဈေးတွင် ယနေ့နံနက်(၈)နာရီက ဆောင်ရွက်ခဲ့သည်။

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ဆောင်းသီးနှံများအထွက်နှုန်းကောင်းမွန်ရေးနှင့် ပိုးမွှား အန္တရာယ်ကာကွယ်ရေးအသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ အနေဖြင့် ယခုနှစ် အောက်တိုဘာလမှစ၍ ဆောင်းသီးနှံအများအပြားကို မိမိရေမြေနှင့်ကိုက်ညီ သည့်သီးနှံများကို ရွေးချယ်ကာစိုက်ပျိုးလုပ်ကိုင်လျှက်ရှိရာ စိုက်ပျိုးသီးနှံများအထွက်နှုန်း ပိုမို ရရှိရေးနှင့် ကျရောက်တတ်သည့်ပိုးမွှားအန္တရာယ်များနှင့်ပါတ်သက်၍ ကြိုတင်ကာကွယ်ရေး အသိပညာလုပ်ငန်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ကွင်းဆင်းဆောင်ရွက်ပေး လျှက်ရှိကြောင်းသိရှိရသည်။

မြို့လှမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း(mask)များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မြို့လှမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း(mask)များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေး လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ လမ်းမကြီးပေါ်တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မိုင်းပျဉ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်းနှင့် Face Shield များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့မစျေးနှင့် ယာယီပျံကျစျေးတို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် တာဝန်ရှိသူများက စျေးရောင်း/စျေးဝယ်ပြည်သူများအား နှာခေါင်းစည်းနှင့် Face Shield များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေး ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၆:၃၀)နာရီအချိန် က ဆောင်ရွက်ခဲ့သည်။

ရွှေဘိုမြို့နယ်တွင် အသက်(၂) လအရွယ် ကလေး(မ) တစ်ဦး အပါအဝင် အတည်ပြုလူနာသစ် (၁၁) ဦး ထပ်မံတွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်တွင် ဒီဇင်ဘာ(၉)ရက်က အသက်(၂) လအရွယ် ကလေး(မ) တစ်ဦး အပါအဝင် ကိုဗစ်-၁၉ လူနာသစ် (၁၁)ယောက် ထပ်မံတွေ့ရှိခဲ့တယ်လို့ ရွှေဘိုခရိုင် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဝင်းလဲ့လဲ့ထွေးက ကြားခဲ့သည်။

ကိုဗစ်− ၁၉ ရောဂါကာကွယ်ရေးအတွက် စျေးများအတွင်း နှာခေါင်းစည်း(Mask)များ ဝေငှ

မိုင်းရယ်မြို့နယ်အတွင်း Covid-19 ရောဂါကာကွယ်ရေးအတွက် မိုင်းရယ်မြို့နယ်၊ စည်ပင်သာယာရေးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ ယမန်နေ့နံနက် (၇)နာရီက မိုင်းရယ်မြို့မစျေးကြီးနှင့် ယာယီပျံကျစျေးများတွင် ပြည်သူများအား နှာခေါင်းစည်း(Mask)များ ဝေငှခဲ့ပါသည်။
Subscribe to