စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်တွင် လယ်သီးထပ်အဖြစ် ရေဆင်း-၁စပ်မျိုး နေကြာ သီးနှံကိုGAP နည်းစနစ်ဖြင့်စိုက်ပျိုး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ ဝင်းကြီးအုပ်စု၊ ကွင်းအမှတ်(၁၂၆၅-ခ)ရှိ တောင်သူ ၆ဦးတို့၏ လယ်​မြေဧက (၁၂.၀၀) ဧကတွင် မိုးစပါးရိတ်သိမ်းပြီးချိန် လယ်သီးထပ်အဖြစ်​​ ရေဆင်း-၁ စပ်မျိုး​နေကြာ၊ ဆောင်း​နေကြာသီးနှံ GAPစိုက်နည်းစနစ်ဖြင့် စနစ်တကျစိုက်ပျိုးနည်းပြသခြင်းကို ယမန်နေ့က တာဝန်ရှိသူ များက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ Facility Quarantine ကန့်သတ် စောင့်ကြည့်ထား ရှိသူများအား COVID-19 RDT Test Kit ဖြင့် နှာခေါင်း၊ အာခေါင်တို့ဖတ် Swab နမူနာများ ရယူစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများတွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး Facility Quarantine Center များတွင် ပြည်တွင်း ပြည်ပပြန် ကန့်သတ် စောင့်ကြည့်ထားရှိသူများရှိရာ ဒီဇင်ဘာ ၉ ရက်နေ့က မြို့ပေါ် ရပ်ကွက် Quarantine Centre များတွင် ကန့်သတ်စောင့်ကြည့်ထားရှိသူ(၇)ဦးနှင့်ကျေးရွာများရှိ Quarantine Centre များတွင် ကန့်သတ်စောင့်ကြည့် ထားရှိသူ(၉)ဦး စုစုပေါင်း (၁၆)ဦးတို့အား မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ နှာခေါင်းနှင့် အာခေါင် တို့ဖတ်များ ရယူကာ RDT test kit ဖြင့် စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြ ကြောင်းသိရသည်။

ကွတ်ခိုင်မြို့၌ အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့ရှိ ပန်းခြံဈေး၊ မြို့မစည်ပင်သာယာစျေးနှင့် လူစည် ကားရာ နေရာများသို့ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အကြောင်း သိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက လိုက်လံဖြန့်ဝေသည်။

အင်းစိန်မြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း(၂၁)ရပ်ကွက်သို့ မီးသတ်ယာဉ်ဖြင့် လှည့်လည်ကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ ရပ်ကွက်များသို့ မီးသတ်ယာဉ်ဖြင့် လှည့်လည်ကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ည(၇)နာရီအချိန်က နှိုးဆော်ခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့တွင် မေတ္တာလွှမ်းခြုံစေတနာရှင်အဖွဲ့က (တတိယ)အကြိမ် အခြေခံလူတန်းစားအိမ်ထောင်စု (၂၀၀)စုအား အခြေခံစားသောက်ကုန်များအား အလှူဒါနအဖြစ်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု(၂၀၀)စုအတွက် မေတ္တာလွှမ်းခြုံ စေတနာရှင်အဖွဲ့မှ (တတိယ)အကြိမ် အခြေခံစားသောက်ကုန်များ လှူဒါန်းခြင်းကို ယမန်နေ့နံနက်ပိုင်းက ကြံခင်း မြို့ပေါ်ရှိ ရပ်ကွက်များနှင့် လိုင်းကွင်းအုပ်စုရှိ အခြေခံလူတန်းစား အိမ်ထောင်စုများထံသို့ သွားရောက် လှူဒါန်း ခဲ့ကြကြောင်း သိရသည်။

မြစ်ကြီးနား၌ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များဖြန့်ဝေ

၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များကို မြစ်ကြီးနားမြို့ အမှတ်(၁)/(၂)ဈေး လူစည်ကားရာနေရာများတွင် အများပြည်သူ အသိပညာ တိုးပွားစေရန်အတွက် မြစ်ကြီးနားခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ထက်နှင့် ဝန်ထမ်းများက ယနေ့ နံနက်က ဖြန့်ဝေပေးခဲ့ကြသည်။

အင်းစိန်ဆေးရုံကြီး၊ ဖျားနာဆောင်သို့ အလှူရှင်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ဆက်စပ်ပစ္စည်းများနှင့် အလှူငွေများလှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အထွေထွေရောဂါကု ဆေးရုံကြီး(အင်းစိန်)၊ ဖျားနာဆောင်သို့ အလှူရှင်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ဆက်စပ်ပစ္စည်းများနှင့် အလှူငွေများကို ယမန်နေ့ နံနက်ပိုင်းက အထွေထွေရောဂါကုဆေးရုံကြီး (အင်းစိန်)တွင် အသီးသီးလှူဒါန်းခဲ့ကြောင်း သိရသည်။

မသန်စွမ်းကလေးငယ်များအတွက် ကလေးစီးWheel Chairများ လှူဒါန်း

Korea Hanbeot Foundation မှ မသန်စွမ်းကလေးငယ်များအတွက် လှူဒါန်းပေးသော ကလေးစီး Wheel Chair များနှင့် We Love Bago အဖွဲ့မှ လှူဒါန်းပေးသည့် အလှူငွေများကို ဒီဇင်ဘာ ၉ ရက မွန်းလွဲပိုင်းက We Love Bago အဖွဲ့သားများက ပြန်လည်၍ ပဲခူးမြို့၊ မြို့ပေါ်ရပ်ကွက် အသီးသီးရှိ မသန်စွမ်းကလေးများ ငယ်အတွက် အလှူရှင်ကိုယ်စား အိမ်တိုင်ရာရောက် လိုက်လံလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့၊ မဲလောခီးကျေးရွာအုပ်စု၊ ခေါသူးခီးကျေးရွာတွင် အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင် ၊ ရှမ်းရွာသစ်မြို့ရှိ ဒေသနေပြည်သူများ ကျန်းမာရေးအသိ ပညာဗဟု သုတရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ ယမန်နေ့က ရှမ်းရွာသစ်မြို့ မဲလောခီး‌ကျေးရွာအုပ်စုရှိ ခေါသူခီးကျေးရွာတွင် အသက် နှစ်နှစ် အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်အား ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။

ရှားတောမြို့၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက် မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ချပြရှင်းလင်းသည့် အခမ်းအနားကျင်းပ

ကယားပြည်နယ်၊ ရှားတောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အတွင်း ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ချပြရှင်းလင်းသည့် အခမ်းအနားကို ယမန်နေ့ (၁၃)နာရီအချိန်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ် ခဲ့သည်။
Subscribe to