ကျောက်မဲမြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ တစ်ဦး ထပ်မံတွေ့ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြိုနယ်၊ အလက ၃ Quarantine Center ရှိ အသက် ၁၈ နှစ်အရွယ် အမျိုးသမီး တစ်ဦးထံမှ ယမန်နေ့က ကိုဗစ်၁၉ ပိုးတွေ့ခဲ့ကြောင်းသိရသည်။

တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံသို့ ချွဲစုတ်စက်၊ ချွဲချေစက် နှင့် အောက်ဆီဂျင်အိုး(၃)လုံး လာရောက်လှူဒါန်း

ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ကုသရေးလုပ်ငန်းများ အသုံးပြုရန်နှင့် လူနာစောင့်များ အသုံးပြုရန်အတွက် တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံသို့ ယနေ့ နံနက်ပိုင်းက ချွဲစုတ်စက်၊ ချွဲချေစက်နှင့်အောက်ဆီဂျင် (၃)လုံးတို့ကို လာရောက်လှူဒါန်းကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန(တိုင်း၊ခရိုင်၊မြို့နယ်)များမှဝန်ထမ်း များ စုပေါင်း၍ မုံရွာမြို့၌ Mask Campaign ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ပေါ်ရှိ ပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအား အထူးအလေးထားသောအားဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၏ လမ်းညွှန်ချက်များနှင့်အညီ စစ်ကိုင်းတိုင်း ဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန (တိုင်း၊ခရိုင်၊မြို့နယ်)များမှ ဝန်ထမ်းများ စုပေါင်း၍ Mask Campaign ကို ယနေ့ နံနက်(၁၀)နာရီမှ (၁၁)နာရီအထိ မုံရွာမြို့ ပြည်သူ့အားကစားကွင်းရှေ့ မုံရွာ-မြင်းမူ-မန္တလေးကားလမ်းပေါ်၌ ပြုလုပ်ခဲ့ရာ စုစုပေါင်း လမ်းသွားလမ်းလာ ပြည်သူ (၅၀၀၀)ဦးအား Mask(၅၀၀၀)ခု ကိုအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရ သည်။

မြန်မာတိုင်းရင်းဆေးဝါး ထုတ်လုပ်သူများနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း (ရန်ကုန်မြို့)မှ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ အလှူငွေများပေးအပ်လှူဒါန်း

မြန်မာတိုင်းရင်းဆေးဝါး ထုတ်လုပ်သူများနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း(ရန်ကုန်မြို့)မှ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ အလှူငွေများပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲ (၂)နာရီက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့သည်။

ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ (၂၀)ဦး ထပ်မံတွေ့ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာများနှင့် ထိတွေ့ခဲ့သူများအား မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ဝန်ထမ်းများက နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်များ ရယူ၍ အမျိုးသား ကျန်းမာရေးဓာတ်ခွဲဌာန (NHL)သို့ ယမန်နေ့က ပေးပို့စစ်ဆေးခဲ့ကြောင်း သိရသည်။

တနင်္သာရီ၌(YMBA)ဗုဒ္ဓဘာသာကလျာဏယုဝအသင်းဖွဲ့စည်းခြင်းအခမ်းအနားပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့၊ ချောင်းငယ်ရပ်ကွက်၊ မြို့ဦးပရိယတ္တိစာသင်တိုက် အတွင်းရှိ ဓမ္မာရုံတွင် တနင်္သာရီမြို့နယ် တမုတ်ချုံးကျေးရွာအုပ်စု ရေဖြူကျေးရွာအခြေစိုက် အမှတ်(၁)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကိုလတ်မှ ဦးဆောင်၍ တနင်္သာရီတပ်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)အသင်းဖွဲ့စည်းခြင်းအခမ်းအနားကို

တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ယာဉ်များ ပြင်ပသို့အကြောင်းမဲ့ သွားလာခြင်း မရှိစေရေး စစ်ဆေးခြင်းနှင့် နှာခေါင်းစည်း (Mask) တပ်ဆင်သွား လာစေရန် Mask Campaign ပြုလုပ်၍ အသိပညာပေးခြင်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ ်ထိန်းချုပ်နိုင်ရန်အတွက် အရေးကြီးကိစ္စမှ အပမလိုအပ်ဘဲ ယာဉ်များပြင်ပသို့ အကြောင်းမဲ့ သွားလာခြင်း မရှိစေရေး စစ်ဆေးခြင်းနှင့် နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာစေရန် Mask Campaign ပြုလုပ်၍ အသိပညာပေး ဆောင်ရွက်ခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ အဖွဲ့ဝင်များပူးပေါင်း၍ ယမန်နေ့ နေ့လယ် (၃)နာရီ မှ ညနေ (၄)နာရီခွဲအချိန်ထိ ဆောင်ရွက်ခဲ့ကြသည်။

ပြင်စလူမြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ(Talk Show) အစီအစဉ်ကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြင်စလူမြို့ရုံး ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ နှာခေါင်းစည်း Mask တပ်ဆင်သွားလာရေး အသိပညာပေး နှင့် စနစ်တကျတပ်ဆင်ခြင်း မရှိသူဘဲ သွားလာသူများအား အရေးယူဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်ရည်ရွယ်၍ နှာခေါင်းစည်းMask တပ်ဆင်သွားလာရေး အသိပညာ ပေးနှင့် စနစ်တကျတပ်ဆင်ခြင်းမရှိဘဲ သွားလာသူများအား အရေးယူဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက aလူစည်ကားရာ နေရာများ ဖြစ်သည့် ပင်လုံဈေး၊ ဗိုလ်အောင်ကျော်လမ်း တို့တွင် ဆောင်ရွက်သည်။

မကွေးတိုင်းဒေသကြီး ထီးလင်းမြို့တွင် မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အညီ ဌာနဆိုင်ရာ ရုံးအဆောက်အဉီများနှင့် ပြည်သူများ၏ အသက်အိုးအိမ်ပစ္စည်းများ မီးဘေးအန္တရာယ်မှကြိုတင် တားဆီးကာကွယ်နိုင်စေရေး တို့ အတွက် မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းများကို ဂန့်ဂေါခရိုင် ထီးလင်းမြို့တွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to