ဒုတိယအကြိမ် စစ်ကိုင်တိုင်းဒေသကြီး လွှတ်တော် (၂၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကျင်းပ မည်

မုံရွာ ဒီဇင်ဘာ ၁၀

ဒုတိယအကြိမ် စစ်ကိုင်တိုင်းဒေသကြီး လွှတ်တော် (၂၅)ကြိမ်မြောက် ပုံမှန် အစည်း အဝေးကို ၂၀၂၀-ပြည့်နှစ်၊ ဒီဇင်ဘာလ (၁၄)ရက်နေ့ နံနက်(၁၀)နာရီအချိန်မှ စတင်၍ မုံရွာ မြို့ ၊ အိုးဘိုတောင်ရပ်ကွက်ရှိ စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော်ရုံး အစည်းအဝေး ခန်းမ တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

လတ်တလော ဖြစ်ပွားလျှက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဒုတိယ အကြိမ် စစ်ကိုင်တိုင်းဒေသကြီးလွှတ်တော် (၂၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ တက် ရောက်ကြမည့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ ကြိုတင် ရောက်ရှိ နေကြသည့်  တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၂၅)ဦး နှင့်  စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော်ရုံးမှ ဝန်ထမ်းများနှင့် လုံခြုံရေး ထမ်းဆောင်မည့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း(၇၅)ဦးအား ဒီဇင်ဘာ လ(၇)ရက်နေ့နှင့် (၈)ရက်နေ့များတွင် မုံရွာမြို့ ပြည်သူ့ အားကစား ကွင်းအတွင်းရှိ ဖူဆယ် အားကစားရုံတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို ( RDT test kit )ဖြင့် စစ်ဆးခဲ့ရာ ရောဂါ ပိုးမတွေ့ရှိခဲ့ကြောင်းနှင့် ထပ်မံရောက်ရှိလာမည့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် မိမိတို့သက်ဆိုင်ရာ မြို့နယ် များတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို စစ်ဆေး ခဲ့မည် ဖြစ်ကြောင်း သိရသည်။

ဒုတိယအကြိမ် စစ်ကိုင်တိုင်းဒေသကြီး လွှတ်တော် (၂၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သို့ တက်ရောက် ကြမည့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် စစ်ကိုင်း တိုင်း ဒေသကြီး လွှတ်တော်ရုံးသို့ ဒီဇင်ဘာလ(၁၂)ရက်နေ့ စနေနေ့ထက်မစော ဒီဇင်ဘာလ (၁၃) ရက်နေ့ တနင်္ဂနွေ နေ့ထက် နောက်မကျစေဘဲ ရောက်ရှိသတင်းပို့ကြရန်နှင့် အစည်းအဝေးအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များ နှင့်အညီ ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)