လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်စည်ပင်သာယာရေး သန့်ရှင်းရေးဝန်ထမ်း(၉၅)ဦးအား အခြေခံစားသုံးကုန် များလှူဒါန်း

လှိုင်သာယာ(အနောက်ပိုင်း) ဒီဇင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်အတွင်း၌ ကိုဗစ်−၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း မြို့နယ်စည်ပင်သာယာရေးကော်မတီစီမံခန့်ခွဲမှု လက်အောက်ရှိ စည်ပင်သာယာရေး သန့်ရှင်းရေးဝန်ထမ်း (၉၅)ဦးအား အခြေခံစားသုံးကုန်များကို ယမန်နေ့ မွန်းလွဲပိုင်းက ဦးဇော်ဝင်း မိသားစုမှ လှူဒါန်းသည်။

အဆိုပါ လှူဒါန်းရာတွင် မြို့နယ်စည်ပင်သာယာရေး သန့်ရှင်းရေးဝန်ထမ်း(၉၅)ဦးအား တစ်ဦးလျှင် ဆန်(၁)ပြည်၊ ဆီ(၅၀) သား(၁)ဘူး၊ ဆား(၁)ထုပ်၊ ခေါက်ဆွဲကြော်(၁)ဘူးတို့အား ပေးအပ်လှူဒါန်းပြီး သန့်ရှင်းရေးဝန်ထမ်းများမှ လက်ခံ ရယူကာ ဝန်ထမ်းများကိုယ်စား မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများမှ အလှူရှင်များအား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

မြို့နယ်စည်ပင်သာယာရေးကော်မတီမှ မြို့နယ်အတွင်း သန့်ရှင်းလှပရေးအတွက် နေ့စဉ် ရပ်ကွက်/ကျေးရွာများ အလိုက် အမှိုက်များ လိုက်လံသိမ်းဆည်းခြင်း၊ လမ်းသန့်ရှင်းရေးများ ပြုလုပ်ခြင်းများ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

မြသန္တာဝင်း(ပြန်/ဆက်)