မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးပြိုကျခဲ့သည့် မဟာမုနိဘုရားကြီး သာသနာ ၂၅၀၀ ဗိမာန်တော်ကြီး အသစ်ပြန်လည်တည်ဆောက်ရန် ပန္နက်တော်တင်  

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးပြိုကျခဲ့သည့်  မဟာမုနိဘုရားကြီးပရိဝုဏ်ရှိ သာသနာ ၂၅၀၀ ဗိမာန်တော်ကြီးအား အသစ်ပြန်လည်တည်ဆောက်ခြင်းအတွက် ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို ဩဂုတ်၁၂ရက် နံနက်ပိုင်းက အဆိုပါဗိမာန်တော်ကြီး တည်နေရာတွင် ကျင်းပသည်။

ကလောမြို့၌ ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ နည်းဥပဒေဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ မြို့မပရိယတ္တိစာသင်တိုက်၊ ဆွမ်းစားကျောင်းတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်သူ့စစ်မှုထမ်း ဥပဒေအကြောင်းအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် နားလည်သိရှိနိုင်စေရန်ရည်ရွယ်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့မှ တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ နည်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့‌ရာ အမှတ်(၅)ရပ်ကွက်‌နေ ပြည်သူများ တက်‌ရောက်ခဲ့ကြောင်း သိရသည်။

ရေဦးမြို့နယ်တွင် အမျိုးသမီးကိုယ်လုံပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင် အမျိုးသမီးရေးရာအဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် ၉ နာရီက ကိုယ်လုံပညာသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၌ ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်‌ပေးခြင်း လုပ်ငန်းများက ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦး‌ရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများကို သြဂုတ် ၁၁ ရက်နေ့ နံနက်(၁ဝ)နာရီ၌ ကစင်ကျေးရွာအုပ်စု၊ ရေဥက္ကံကျေးရွာအုပ်စုနှင့် ရှမ်းချောင်း‌ကျေးရွာအုပ်စု၊ အုပ်ချုပ်‌ရေးမှူးရုံးတို့တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများမှ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ MSME Association အသင်းသူ၊ အသင်းသားများ၏ သားသမီးများမှ Grade-12 ထူးချွန်စွာ အောင်မြင်သူများကို ဆုချီးမြှင့်ခြင်းအခမ်းအနားတက်ရောက်

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ MSME Association အသင်းသူ၊ အသင်းသားများ၏ သားသမီးများမှ Grade-12 အောင်မြင်/ဂုဏ်ထူးဖြင့် အောင်မြင်သူ ကျောင်းသား၊ ကျောင်းသူများကို ဆုချီးမြှင့်ခြင်းအခမ်းအနားနှင့် MSME Association (Naypyitaw) တွင် လစ်လပ်ရာထူးနေရာများအား ပြန်လည်ခန့်အပ်နိုင်‌ရေးအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ Mandalay Paradise ၊ တော်ဝင်ခန်းမ၌ ကျင်းပရာ နေပြည်တော် အသေးစားနှင့် အလတ်စား စက်မှုဇုန်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ နေပြည်တော် MSME Associationအသင်း နာယက ဦးကျော်စွာဝင်းနှင့် အသင်းဥက္ကဋ္ဌ ဦးသူရိန်၊ MSME လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆုရကျောင်းသား၊ ကျောင်းသူများနှင့် မိဘများတက်ရောက်သည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း တရားမဝင် မိုဘိုင်းလ်ဆင်းမ်ကတ်များ ရောင်းချမှုမရှိစေရေး စစ်ဆေးဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း တရားမဝင် မိုဘိုင်းလ်ဖုန်းဆင်းမ်ကတ်များ ရောင်းချခြင်းမရှိစေရေးကြပ်မတ်စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ပန်းဘဲတန်းမြို့နယ် "မြတ်လေး" သမဝါယမအသင်းအရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ "မြတ်လေး" သမဝါယမအသင်းလီမိတက်၏ (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ဩဂုတ် ၁၁ ရက်နေ့ နံနက်ပိုင်းက ပန်းဘဲတန်းမြို့နယ်၊ သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်တာဝန်ရှိသူများ ဟင်္သာတမြို့နယ်အတွင်း ကျေးရွာများရေတိုက်စားမှုကာကွယ်ရေးလုပ်ငန်း၊ ကမ်းထိန်းလုပ်ငန်းဆောင်ရွက်ထားရှိမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်မောင်ဦး၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး  ဦးစောလင်းခယ်နှင့်တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေပိုင်းတွင် ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာသို့ ရောက်ရှိလာခဲ့ပြီး ဖောင်ဆိပ်ကျေးရွာတွင် ကျေးရွာများရေတိုက်စားမှုကာကွယ်ရေးလုပ်ငန်း၊ ကမ်းထိန်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုတို့အား ကွင်းဆင်းကြည်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဘေးပြန်လည်တည်ဆောက်ရေးလုပ်ငန်းများနှင့် သန့်ရှင်းသာယာလှပရေးဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗစ်ရှင်းဗဟိုဌာန(၁)သို့ သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအား ပြန်လည်ပြုပြင်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် လုပ်ငန်းများအပိုင်းလိုက် အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ လုပ်ငန်းသုံးပစ္စည်းများ အမြန်ရောက်ရှိစေရေးနှင့် ဆယ်တင်ပစ္စည်းများအား စနစ်တကျပြန်လည်အသုံးပြုရေး၊ ရေရှည်ခိုင်ခံ့မှုရှိအောင် စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။

ကမာရွတ်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များအား မိခင်နို့စနစ်တကျ တိုက်ကျွေးရေး အသိပညာပေးဟောပြော

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဆောင်ရွက်သည့် မိခင်နို့စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်လှုပ်ရှားမှု ကိုယ်ဝန်ဆောင်မိခင်များအား မိခင်နို့စနစ်တကျတိုက်ကျွေးရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to