ဟင်္သာတ ဩဂုတ် ၁၃
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်မောင်ဦး၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်နှင့်တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေပိုင်းတွင် ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာသို့ ရောက်ရှိလာခဲ့ပြီး ဖောင်ဆိပ်ကျေးရွာတွင် ကျေးရွာများရေတိုက်စားမှုကာကွယ်ရေးလုပ်ငန်း၊ ကမ်းထိန်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုတို့အား ကွင်းဆင်းကြည်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့်ကျေးရွာများ ရေတိုက်စားမှုကာကွယ်ရေးလုပ်ငန်း၊ ကမ်းထိန်းလုပ်ငန်းဆောင်ရွက်ထားရှိသည့် ကမ်းထိန်းတမံ၏ ပေ(၅၅၀၀)နှင့် ပေ(၅၀၀၀)ဝန်းကျင်တွင် အလျား(၂၀၀)ပေ၊ အနံ(၁၅)ပေခန့်နှင့် ကမ်းထိန်းတမံ၏ ပေ(၅၀၀၀)နှင့် ပေ(၄၈၀၀)ဝန်းကျင်တွင် အလျား(၂၀၀)ပေ၊ အနံ(၁၀)ပေခန့်သည် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့သည့်နေရာအား ရေယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဟင်္သာတခရိုင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့သည့်နေရာအား လိုအပ်သည့်ပြင်ဆင်မှုများ ဆောင်ရွက်နေသည့် အခြေအနေနှင့်ပတ်သက်၍ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)