လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၌ ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်‌ပေးခြင်း လုပ်ငန်းများက ကွင်းဆင်းဆောင်ရွက်

လှိုင်သာယာ သြဂုတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦး‌ရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများကို သြဂုတ် ၁၁ ရက်နေ့ နံနက်(၁ဝ)နာရီ၌ ကစင်ကျေးရွာအုပ်စု၊ ရေဥက္ကံကျေးရွာအုပ်စုနှင့် ရှမ်းချောင်း‌ကျေးရွာအုပ်စု၊ အုပ်ချုပ်‌ရေးမှူးရုံးတို့တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများမှ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါကွင်းဆင်းရာတွင် ရေဥက္ကံကျေးရွာနှင့် ရှမ်းကျောင်းကျေးရွာတို့တွင် M အိမ်ထောင်စု (၂၅၀) စုတို့ကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦး‌အောင် ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့‌၀င်တို့က လိုအပ်သည်များ ဝိုင်း၀န်းကူညီပံ့ပိုးပေးလျက်ရှိကြောင်းနှင့် ရပ်ကွက်၊ ကျေးရွာများတွင်လည်း ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်၀င်းမူ (ပြန်/ဆက်)