ရပ်စောက်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက်နှင့် အသက်(၁၂)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက်နှင့် အသက်(၁၂)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ယမန်နေ့နေ့မွန်းလွဲ ၁ နာရီက မြို့နယ်အားကစားကွင်း၌ ကျင်းပသည်။

သန်လျင်မြို့နယ်၌ ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း ဆောင်ရွက်

သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စံလင်းကြီးကြပ်၍ ဆရာ/ဆရာမများက ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် ကျောင်းသား/သူများအား အသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို သြဂုတ် ၁၁ ရက်နေ့ ညနေပိုင်းက အ.ထ.က မြို့ဟောင်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး၌ ၂ဝ၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗီးရှင်းစင်တာ(MCC)ခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ လူငယ့်ရေးရာကော်မတီဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး လူငယ့်ရေးရာအထောက်အကူပြုလုပ်ငန်းကော်မတီဝင်များ၊ ဆပ်ကော်မတီအသီးသီးမှ ကော်မတီဝင်များ လူငယ်(၁၈)ဖွဲ့မှဥက္ကဋ္ဌများနှင့် လူငယ်ကိုယ်စားလှယ်များ၊ တက္ကသိုလ်၊ ကောလိပ်များမှ လူငယ်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်​တော်များ တက်ရောက်ကြသည်။

ပုသိမ်ကြီးမြို့နယ်တွင် အခွန်ပညာပေး ဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာန၏ ဦးဆောင်မှုဖြင့် အခွန်ဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ဩဂုတ် ၁၂ ရက်က မြို့နယ်အခွန်ဦးစီးမှူးရုံး၌ ကျင်းပသည်။

ဘားအံမြို့၌  ပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် လူငယ်များပါဝင်ရန် အရေးကြီးကြောင်းအသိပညာပေး

ကရင်ပြည်နယ် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုခြေပြုဗဟိုဌာန (Community Centre)တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူငယ်များ၏ အခန်းကဏ္ဍ အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကို ဩဂုတ် ၁၁ ရက်ကကျင်းပရာ  ဘားအံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးနှင့် ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နှင်းအိတို့က ပူးပေါင်းဆောင်ရွက်ကြသည်။

၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် "လူငယ်ဖိုရမ်" ဆွေးနွေးပွဲကျင်းပ

၂ဝ၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် “လူငယ်ဖိုရမ်” ဆွေးနွေးပွဲကို သြဂုတ် ၁၁ ရက်နေ့ နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗန်းရှင်းစင်တာ(MCC)ခန်းမ၌ ကျင်းပသည်။

ငါန်းဇွန်မြို့ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းတွင် သဘာဝဘေးအန္တရာယ်အသိပညာပေး

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်း၌ ဩဂုတ် ၁၂ ရက် နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှကျောင်းသားကျောင်းသူများအား သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောသည်။

ဘိုကလေးမြို့နယ်တွင် ဒီရေတောသစ်ပင် စိုက်ပျိုးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် သစ်တောဦးစီးဌာန၏ ၂၀၂၅ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ၊ ဒီရေတောသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် (၁ဝ) နာရီတွင်  ဘိုကလေးမြို့၊ ကဒုံကနိကြိုးဝိုင်း၊ အကွက်အမှတ်(၆၂)တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့ရှိ အခြေခံပညာမူလတန်းကျောင်း(သဲဖြူ)တွင် ဗဟုသုတတိုးပွားစေရန် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ သဲဖြူကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ်ပညာဖွံဖြိုးတိုးတတ်စေရန်၊ ဗလငါးတန် ပြည်စုံလာစေရန်နှင့် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးလုပ်ငန်းများကို ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဩဂုတ်လ ၁၂ ရက်နေ့ နေ့လယ်ပိုင်းက အဆိုပါကျောင်းရှေး ကွင်းပြင်တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to