ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း တရားမဝင် မိုဘိုင်းလ်ဆင်းမ်ကတ်များ ရောင်းချမှုမရှိစေရေး စစ်ဆေးဆောင်ရွက်

ဆိပ်ကြီးခနောင်တို သြဂုတ် ၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း တရားမဝင် မိုဘိုင်းလ်ဖုန်းဆင်းမ်ကတ်များ ရောင်းချခြင်းမရှိစေရေးကြပ်မတ်စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ စစ်ဆေးရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်း ဦးဆောင်၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့မှ မြို့နယ်အတွင်းရှိ မိုဘိုင်းလ်ဖုန်းနှင့် ဆက်စပ်ပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်၍ တရားမဝင် မိုဘိုင်းလ်ဖုန်းဆင်းမ်ကတ်များ တင်သွင်းရောင်းချခြင်း ရှိ/မရှိ ကြည့်ရှုစစ်ဆေးပြီး၊ ဆိုင်ရှင်များအား ယခုအခါ မှတ်ပုံမတင်ထားသည့် တရားမဝင် မိုဘိုင်းလ်ဖုန်းဆင်းမ်ကတ်များဖြင့် ငွေကြေးလိမ်လည်ခြင်းနှင့် အခြားသောပြစ်မှုများ ပြုလုပ်နေခြင်းကြောင့် မိမိတို့ အရောင်းဆိုင်များတွင် တရားမဝင် မိုဘိုင်းလ်ဆင်းမ်ကတ်များ တင်သွင်းရောင်းချခြင်းမပြုလုပ်ရေး အသိပေးပြောကြားခဲ့ကြောင်း သိရသည်။

ဝေယံ (ပြန်/ဆက်)