မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးတက္ကသိုလ်ရာပြည့်ပွဲတော် ဖွင့်ပွဲအခမ်းအနားအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိသူများလိုက်ပါ၍ စက်တင်ဘာလ(၃၀)ရက်နေ့ နံနက်ပိုင်းက မန္တလေးတက္ကသိုလ်သို့ ရောက်ရှိပြီး အောက်တိုဘာ၄ရက်နေ့တွင် ကျင်းပမည့် မန္တလေးတက္ကသိုလ် ရာပြည့်သဘင်ပွဲတော် ဖွင့်ပွဲအခမ်းအနားအတွက် ကြိုတင်ပြင်ဆင်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ကော့သောင်းမြို့နယ် (၁၀) မိုင် ဥယျာဉ်ခြံတွင် ဘေးအန္တရာယ်ကင်းရှင်းသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များထုတ်လုပ်ခြင်း နည်းပညာ‌ပေးသင်တန်း ဆောင်ရွက်

ကော့သောင်း အောက်တိုဘာ ၂ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန၊ ကော့သောင်းမြို့နယ်၊ (၁၀)မိုင် စိုက်ပျိုးရေးဥယျာဉ်ခြံတွင် ဘေးအန္တရာယ်ကင်းရှင်းသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ပန်းမန်များထုတ်လုပ်ခြင်း နည်းပညာ‌ပေးသင်တန်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ရာ အခမ်းအနားသို့ကော့သောင်းခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူး၊ ပိုးမွှားထိန်းချုပ်ရေးစခန်း တာဝန်ခံ၊ ခြံဦးစီးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ၊ မြို့နယ်စာရင်းစစ်ဦးစီးမှူး၊ (၁၀)မိုင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖ အကျိုးဆောင်တောင်သူများ တက်ရောက်ခဲ့ကြသည်။

မိုးညှင်းမြို့၌ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ်နှင့် ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ်နှင့် ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက အောင်သပြေရပ်ကွက်ရှိ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မိုင်းယန်းမြို့၌ (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့၌ ၂၀၂၅ ခုနှစ်၊ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာ ၁ ရက်နေ့ နံနက်ပိုင်းက ဝိန်းလိတ်ရပ်ကွက်အတွင်းရှိ ခရိုင်ရဲတပ်ဖွဲ့ရုံး၌ ကျင်းပသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Ms. Noriko Takagi အား လက်ခံတွေ့ဆုံ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR)၏ မြန်မာ နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Ms.Noriko Takagi အား စက်တင်ဘာလ(၃၀)ရက် နေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ရွှေတောင်မြို့၌ ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး ဆွေးနွေးပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပရာ ပြည်ခရိုင် သီးနှံကာကွယ်ရေးတာဝန်ခံ၊ မြေအသုံးချတာဝန်ခံ၊ မျိုးစေ့တာဝန်ခံနှင့် ရွှေတောင်မြို့နယ်အတွင်းရှိ ကျေးရွာစုအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများ၊ တောင်သူများ စုစုပေါင်းအင်အား (၁၃၅) ဦးခန့် တက်ရာက်ခဲ့သည်။

မဟာမုနိဘုရားကြီးနှင့် ရွှေကြက်ကျဆုတောင်းပြည့်မြတ်စွာဘုရားတို့ကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ဖူးမြော်

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပြိုကျပျက်စီးခဲ့သည့် စေတီ၊ ပုထိုးများ၊ သာသနိကအဆောက်အအုံများ ပြန်လည်တည်ဆောက်ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး စက်တင်ဘာလ(၃၀)ရက်နေ့ ညနေပိုင်းကလုပ်ငန်းဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

တမူးမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစနစ် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်‌တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစနစ် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်‌တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီအချိန်က ဈေးတန်းရပ်ကွက်ရှိ မိုဃ်းကောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ သီတင်းကျွတ်အကြောင်း သိကောင်းစရာ Talk Show ပြုလုပ်

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ သီတင်းကျွတ်အကြောင်း သိကောင်းစရာ Talk Show ပြုလုပ် လှိုင်သာယာ(အနောက်ပိုင်း) အောက်တိုဘာ ၂ မြင့်ဇော်(ပြန်/ဆက်)

မြောက်ဥက္ကလာပမြို့နယ်တွင် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်နှင့် ရှေးဦးပြုစုခြင်းအခြေခံသင်တန်းဆင်းပွဲ ကျင်းပပြုလုပ်

မြောက်ဥက္ကလာပမြို့နယ်တွင် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်နှင့် ရှေးဦးပြုစုခြင်းအခြေခံသင်တန်းဆင်းပွဲ ကျင်းပပြုလုပ် မြောက်ဥက္ကလာပ အောက်တိုဘာ ၂ သက်လွင်စိုး(ပြန်/ဆက်)
Subscribe to