ပေါင်းတည်မြို့နယ်တွင် လာမည့်ရွေးကောက်ပွဲ၌မဲပေးနိုင်ရန် မဲဆန္ဒရှင်စာရင်းများ ကြေညာထားမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ လာမည့်ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းများအား စက်တင်ဘာ ၃၀ ရက်နံနက်ပိုင်းမှစတင်၍ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ကြော်ငြာဘုတ်များဖြင့် ကြေညာထားမှုကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်လှိုင်၊မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ဥက္ကဋ္ဌ ဦးသစ်လွင်နှင့်တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။