ဒေးဒရဲမြို့နယ်၊ သမဝါယမအသင်းစုလီမိတက် (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

ဒေးဒရဲ မတ် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ သမဝါယမအသင်းစုလီမိတက်၏ (၂၀၂၄ -၂၀၂၅) ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအား ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်သမဝါယအသင်းစုလီမီတက် သဘာပတိ ဦးအောင်အောင်က အဖွင့်အမှာစကားပြောကြားခြင်း၊ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းက လုပ်ငန်းဆိုင်ရာများ လမ်းညွှန်မှာကြားခြင်းနှင့် မြို့နယ်သမဝါယမဦးစီးဌာနမှူး ဒေါ်စိုစိုးညွန့်က ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းဆိုင်ရာများအား ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် မြို့နယ်သမဝါယမအသင်းစု ဒါရိုက်တာအဖွဲ့ အစီရင်ခံစာ၊ အသင်းစု စာရင်းစစ် အစီရင်ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေး အစီရင်ခံစာများအား တာဝန်ရှိသူများက အသီးသီးဖတ်ကြားတင်ပြခဲ့ပြီး တက်ရောက်လာသည့် အသင်းစုအဖွဲ့ဝင်များ၏ အတည်ပြုချက်ရယူခဲ့ပြီး အခမ်းအနားအား ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

အေဇာလင်း