ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းတပ်နယ်၌ ပြည့်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၆)သင်တန်းဖွင့်ပွဲ ကျင်းပ

နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါကို ထိန်းသိမ်းစောင့်ရှောက်ရန်တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကိုထမ်းဆောင်ရန်အတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ဥပဒေအမှတ်(၂၇/၂၀၁၀)ဖြင့်ပြဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင်စတင်အာဏာသက်ဝင်စေခဲ့ကာ ပြည့်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၅)ကိုတိုင်းဒေသကြီးအသီးသီး၌ အောင်မြင်စွာဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

မင်းလှမြို့၌ သမဝါယမကဏ္ဍမှ ဆောင်ရွက်ထားသည့် မိုးနှောင်းဝါ စိုက်ပျိုးထားရှိမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် သမဝါယမကဏ္ဍမှ ဆောင်ရွက်ထားသည့် ၂၀၂၅-၂၀၂၆ ခု မိုးနှောင်းဝါစိုက်ပျိုးထားရှိမှုအခြေနေကို ယနေ့နံနက် ၁၀ နာရီက တိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး၊ မြို့နယ်သမဝါယမဦးစီးအရာရှိနှင့် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌတို့မှ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

အောင်လံမြို့နယ်၌ ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှု အစာအုပ်စုပြိုင်ပွဲ အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် ကျောင်းကျန်းမာရေးဌာနမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှု အစာအုပ်စုပြိုင်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အောင်လံမြို့၊ အ.ထ.က(ရွာထောင်) ရွှေရတုခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ​မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေးရောဂါကြို တင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ ၁၆ ရက်နေ့နံနက်ပိုင်းကစတင်ကာ ​ဖြူးမြို့ပေါ် မြို့မ(၁)၊ မြို့မ(၂) အ.လ.က (ခွဲ)ကျောင်းများတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

သနပ်ပင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြသခြင်း၊ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်ခြင်းကို ဩဂုတ်လ ၁၅ ရက်နေ့ မွန်းလွဲ(၁)နာရီက အ.မ.က(မူလွန်)စဉ်အိုးဘိုကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆိပ်ဖြူမြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်သင်တန်းဖွင့်ပွဲ ကျင်းပဆောင်ရွက်

ဆိပ်ဖြူမြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်သင်တန်းဖွင့်ပွဲ ကျင်းပဆောင်ရွက် ဆိပ်ဖြူ ဩဂုတ် ၁၈ မြို့နယ် (ပြန်/ဆက်)

ပေါင်းတည်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းကောင်စီဥက္ကဋ္ဌဖလားဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊‌ ပေါင်းတည်မြို့နယ်၌ အ-ထ-က(မြို့မ)၏  ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကောင်စီဥက္ကဋ္ဌဖလားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ကျောင်းဘောလုံးကွင်းတွင် ဩဂုတ်လ ၁၆ ရက်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

နတ်တလင်းမြို့နယ်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အကြိုပြိုင်ပွဲများကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို စာစီစာကုံး၊ ကျပန်းစကားပြော၊ စာဖတ်စွမ်းရည်၊ ပန်းချီ၊ ပုံပြင်ပြောနှင့် ကဗျာရွတ်ပြိုင်ပွဲများကို အ.ထ.က နတ်တလင်းကျောင်း၌ သြဂုတ် ၁၆ ရက်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့၌ မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့၌ မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့ စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယနေ့နံနက် ၉:၀၀ နာရီ အချိန်က ဆင်ဖြူရှင်ရက်ကွက်ရှိဓမ္မာရုံး၌ ကျင်းပပြုလုပ်ခဲ့ရသည်။ 

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ စပါး ၆၁၂၀၄ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ စပါး ၆၁၂၀၄ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Subscribe to