ဟင်္သာတမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများထုတ်ပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများနှင့်၊ မိသားစုဝင်များအား ပင်စင်လစာများကို ယနေ့နံနက်ပိုင်းက စတင်ထုတ်ပေးလျက်ရှိသည်။

ကသာမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်ကအမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်းယာယီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဗိုလ်တထောင်မြို့နယ်၌ အာဟာရ ရက်သတ္တပတ်လှုပ်ရှားမှုဆောင်ရွက်သည့်အခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် အာဟာရ ရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနားကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးခန်းမတွင် ယမန်နေ့  နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

မင်းလှမြို့၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးရရှိစေရန် သင်ကြားပေးခဲ့သော ဆရာမများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မင်းလှအခြေခံပညာအထက်တန်းကျောင်း မင်းလက်ဝါးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မင်းလှမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၅ နာရီက သာသနာ့ဗိမ္မာန်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။

ကြံခင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် အာဟာရအသိပညာပေး ဆင့်ပွားသင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီက မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပူးပေါင်းဖွင့်လှစ် သော အာဟာရအသိပညာပေး ဆင့်ပွားသင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်၊ အ.လ.က(ပါဆန်း)၌ လူငယ်စကားဝိုင်း ကျင်းပ

မိုင်းဖြတ်မြို့နယ်၊ အ.လ.က(ပါဆန်း)၌ လူငယ်စကားဝိုင်း ကျင်းပ မိုင်းဖြတ် ဩဂုတ် ၂၁ သန်းထွန်းအေး

ဇလွန်မြို့ အခြေခံပညာမူလတန်းကျောင်း ညောင်ပင်စျေးတွင် ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းလုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းကျန်းမာရေး သီတင်းပတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းတည့် ၁၂ နာရီတွင် အ.မ.က ညောင်ပင်​စျေးကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်လံမြို့နယ်၌ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းကောင်စီဥက္ကဋ္ဌဖလား အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲကို ဩဂုတ်လ ၁၉ ရက်မှ စတင်၍ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအားကစားကွင်း၌ ကျင်းပလျက်ရှိသည်။
Subscribe to