တာချီလိတ်မြို့၌ ကျန်းမာရေးအသိပညာပေးခြင်း၊ သန့်လေးသန့်နှင့် ကလေးပျော်စင်တာများ ဆောင်ရွက်ပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် ကြက်ခြေနီအသင်းမှ ကြီးမှူးကျင်းပသည့် ကလေးသူငယ်များအား ကျန်းမာရေးအသိပညာပေးခြင်း၊ သန့်လေးသန့်နှင့် ကလေးပျော်စင်တာများ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက လွယ်တော်ခမ်းကျေးရွာအုပ်စု၊ အိုးဆယ်ဗင်းတောင်လယ်ရှိ မိုးမေတ္တာလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာတွင် ကျင်းပပြုလုပ်သည်။

ဘုတ်ပြင်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေး 

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) ဆိုင်ရာအသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်မှုကို ယနေ့နံနက်က ရွှေဘုံသာရပ်ကွက်ရှိ မြို့နယ်အားကစားခန်းမ၌ ကျင်းပသည်။

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားတိုးတက်ရေး ရုံးစာရေးသားနည်းသင်တန်း ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်ပိုင်းက ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးနှင့် ရုံးလုပ်ငန်းများ စနစ်ကျပြီး လျင်မြန်စွာဆောင်ရွက်နိုင်ရေး ရုံးစာရေးသားနည်းသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရပ်စောက်၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁၆) ဖွင့်ပွဲပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း စစ်ရေးပြကွင်း၌ ယနေ့နံနက် ၈ နာရီက ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၆) ဖွင့်ပွဲပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် နိုင်ဝင်းအောင်နှင့် တပ်နယ်မှအရာရှိများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ တက်ရောက်ခဲ့ကြပြီး တပ်မတော်(ကြည်း) ဗိုလ်သင်တန်း ကျောင်းအုပ်ကြီးက ပြည်သူ့စစ်မှုထမ်း သင်တန်းသား (၇၉)ဦးအား သင်တန်းဖွင့်မိန့်ခွန်း ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ပျော်ဘွယ်မြို့နယ်ရှိ အသေးစားသဘာဝ မြေဩဇာထုတ်လုပ်ရေးလုပ်ငန်းနှင့် မိုးစပါးစိုက်ပျိုးမှု သရုပ်ပြပွဲကြည့်ရှုအားပေး

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်အတူ ဩဂုတ် ၁၈ ရက် နံနက်ပိုင်းက ပျော်ဘွယ်မြို့ရှိ အသေးစားသဘာဝမြေဩဇာ ထုတ်လုပ်ရေးလုပ်ငန်းနှင့် မျိုးစေ့ချကိရိယာ(Drum Seeder) အသုံးပြု၍ မိုးစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

လေးမျက်နှာမြို့နယ် တိုက်နယ်အမှတ်(၁)ရှိ မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသက်မဲပေးခြင်း အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အမှတ်(၁)ရပ်ကွက် ပြည်ငြိမ်းအေးဓမ္မာရုံတွင် ယနေ့နံနက်ပိုင်းက မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသက်မဲပေးခြင်း အခမ်းအနားကျင်းပခဲ့သည်။

မိုင်းပျဉ်းမြို့ရှိ ဌာနဆိုင်ရာများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဥ်းမြို့ ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများအား  မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးခြင်းကို ယနေ့မွန်းလွဲ ၁ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ နမ့်ခုတ်ကျေးရွာ၌ မြန်မာအီလက်ထ‌‌ရောနစ်မဲပေးစက်နှင့် စပ်လျဉ်းပြီး ရှင်းလင်းလက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့် စပ်လျဥ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများကို ယနေ့နံနက်(၁၀)နာရီအချိန်က နမ့်ခုတ်ကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်သည်။

မိုင်းယန်းမြို့၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ဆောင်ရွက်သည့် ကျောင်းသား၊ ကျောင်းသူများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ခြင်းနှင့် ဇီဝဆိုင်ရာအချက်အလက်များ စိစစ်ကောက်ယူ၍ UID နံပါတ်ထုတ်ပေးခြင်းတို့ကို ယနေ့နံနက် ၁၀ နာရီက ပါမိုင်ရပ်ကွက် မူလတန်းလွန်ကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ‌သည်။

မိုင်းယန်းမြို့နယ်၌ ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယနေ့နံနက် ၁၀ နာရီက ပါနွန်း၊ ကျိုင်းဟင်ရပ်ကွက် ပါလျှံဘုန်းတော်ကြီးကျောင်း၌ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
Subscribe to