ပေါင်းတည် ဩဂုတ် ၁၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ အ-ထ-က(မြို့မ)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကောင်စီဥက္ကဋ္ဌဖလားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ကျောင်းဘောလုံးကွင်းတွင် ဩဂုတ်လ ၁၆ ရက်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူအားကစားသမားများနှင့် အခမ်းအနားတက်ရောက်လာကြသူများက နိုင်ငံတော်အလံအလေးပြုကြပြီး အားကစားသမားများကသစ္စာအဓိဋ္ဌာန်ရွတ်ဆို၍ ဖွင့်လှစ်သည်။
ပထမဦးစွာ နတ်တလင်းခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဦးမျိုးမြင့်ဦးနှင့် ကျောင်းကောင်စီဥက္ကဋ္ဌကျောင်းအုပ်ဆရာမကြီးဒေါ်တင်တင်ဌေးကအဖွင့်အမှာစကားပြောကြား ပြီး၊ မိဘဆရာအသင်းဥက္ကဋ္ဌဦးအေးကျော်က ထပ်ဆင့်အမှာစကားပြောကြားခဲ့ကာ ကျောင်းသူလေးများက မြန်မာအားကစားကမ္ဘာကိုလွှမ်းရမည်သီချင်းဖြင့် “Fitness Dance” ဖြင့် လည်းကောင်း၊ ပန်းပွားအကဖြင့်လည်းကောင်း ဖျော်ဖြေခဲ့ကြသည်။
ယင်းနောက်အားကစားသမားများက ကျောင်းကောင်စီဥက္ကဋ္ဌအား ချီတက်အလေးပြုကြပြီး ကွင်းအတွင်းမှပြန်လည်ထွက်ခွာခဲ့ကြပြီး ကျောင်းကောင်စီဘောလုံးအသင်းများမှ အလောင်းဘုရားနှင့် ကျန်စစ်သားအသင်းတို့ကစတင်ယှဉ်ပြိုင်ကစားကြကြောင်း၊ အမျိုးသားဘောလုံးပြိုင်ပွဲတွင် အသင်း ၅ သင်း၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် အသင်း ၃ သင်းဖြင့် ဩဂုတ်လ ၂၅ ရက်အထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
ရွှေသား(ပြန်/ဆက်)