ပုဗ္ဗသီရိမြို့၌ မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပ

ပုဗ္ဗသီရိ ဩဂုတ် ၁၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့၌ မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့ စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ဆင်ဖြူရှင်ရက်ကွက်ရှိဓမ္မာရုံး၌ ကျင်းပပြုလုပ်ခဲ့ရသည်။

ဦးစွာ အခမ်းအနားတွင် ပုဗ္ဗသီရိမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးခင်မောင်ဆွေက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုခြင်းဆိုင်ရာနည်းလမ်းနှင့် စမ်းသပ်မဲပေးမှု ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အကြောင်းအား ရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနားကို တက်ရောက်လာသူများမှ မြန်မာအီလက်ထရောနစ်မဲ(MEVM) ပေးစက်ဖြင့် စမ်းသပ်မဲပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို ဥတ္တသီရိခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစောနိုင်၊ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိန်ကြည်၊ ပုဗ္ဗသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဒုတိယဦးစီးမှူး ဒေါ်နှင်းဝေနှင့်တာဝန်ရှိသူများကကြည့်ရှုအားပေးခဲ့ပြီး ဒေသခံပြည်သူ စုစုပေါင်းအင်အား (၁၁၀) ဦးခန့် လာရောက်လက်တွေ့စမ်းသပ်မဲပေးခဲ့ကြောင်း သိရသည်။

မိုးလရောင်(ပြန်/ဆက်)