ကော့သောင်းမြို့တွင် ပင်လယ်ပြင်ခရီးသွားသူများအနေဖြင့် အသက်ကယ်အင်္ကျီ ဝတ်ဆင်စေရေးကြပ်မတ်

တနင်္သာရီတိုင်းဒေသကြီးကော့သောင်းခရိုင်ကော့သောင်းမြို့တွင်  ပင်လယ်ပြင်ခရီးသွားသူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်း၍ လုံခြုံစိတ်ချစွာခရီးသွားလာနိုင်ရေးအတွက် အသက်ကယ်အင်္ကျီဝတ်ဆင်စေရေး ကြပ်မတ်ခြင်းကို ယနေ့နံနက်ပိုင်းက ကော့သောင်းကမ်းနားရှိ လှေဆိပ်တွင်ဆောင်ရွက်သည်။

အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်းသို့ ရောက်ရှိနေကြသော အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ (၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။

ကော့သောင်းမြို့နယ်၌ ကျေးရွာချင်းဆက် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းမြို့နယ်ရှိ ချောင်းစလန်း‌ကျေးရွာနှင့် (၁၅) မိုင်ကျေးရွာ ကျေးရွာချင်းဆက်လမ်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေကျပ် (၂၃၈ ဒသမ ၅၄၅) သန်းဖြင့် ချောင်းစလန်း - ၁၅မိုင်လမ်း (၄/၂.၄၁) မိုင်ရှိသည့်အနက်လမ်းမိုင် (၁/၁-၂/၀.၆) ကြား မူလမြေသားလမ်း (၀/၇.၆) မိုင်အား ဒုခြောက်လက်မ၊ အကျယ် ၁၄ ပေ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။

သနပ်ပင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြသခြင်း၊ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀)နာရီကအ.မ.က(မူလွန်)ဘူတာပိုင်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေး‌ဦးစီးဌာနရုံးတွင် စာအုပ်ပြပွဲနှင့်မူးယစ်အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေး‌ဦးစီးဌာနရုံးတွင် မိသားစုစည်းရုံး‌ရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင်များ၊ စာရေးဝန်ထမ်းကို ယနေနံနက်ပိုင်းက အဆိုပါရုံး၌ စာအုပ်ပြပွဲနှင့် မူးယစ်အသိပညာပေး လက်ကမ်းစာစောင်များ​ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပလောက်မြို့တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေး

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပလောက်မြို့ အမှတ်(၁)ရပ်ကွက်ရှိ ပြည်သူ့ကျန်းမာရေး ဌာနဆေးခန်း၌ မွေးကင်းစမှအသက်(၂)နှစ်အောက်အရွယ် ကလေးသူငယ်များအား ကျန်းမာရေး စောင့်ရှောက်မှုဖြင့် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းကို ယနေ့ နံနက် ၉ နာရီက ဆောင်ရွက်သည်။

သာယာဝတီမြို့နယ်၊ အ.လ.က(ကြို့ကုန်း)၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် အ.လ.က(ကြို့ကုန်း)ကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၈ နာရီက ကျင်းပခဲ့သည်။

ပုလောမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် စက်ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ရှင်းလင်းပြသခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့် စက်ကိုင်တွယ်အသုံးပြုနည်းသင်တန်းဖွင့်ပွဲကို ဩဂုတ် ၁၈ ရက် နံနက် ၁၀နာရီက  ပုလောမြို့နယ်ခန်းမ၌ ကျင်းပသည်။

ဟင်္သာတမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊  အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်း၊ ဟင်္သာခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲအချိန်က ဟင်္သာတခရိုင်နှင့်မြိုနယ် ရွေးကောက်ပွဲကော်မရှင်ခွဲမှကြီးမှူးပြုလုပ်သော မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ဖြူးမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား စာလုံးပေါင်းသတ်ပုံပြိုင်ပွဲ၊ ဆု​ပေးပွဲနှင့် ဟောပြောပွဲ ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာရေးလမ်း အ.လ.က (ခွဲ)ကျောင်းရှိ ကျောင်းသား/ကျောင်းသူများအားဖိတ်ခေါ်၍ စာလုံးပေါင်းသတ်ပုံပြိုင်ပွဲ၊ ဆု​ပေးပွဲနှင့်ဟောပြောပွဲကို သြဂုတ်လ(၁၈)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community  Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to