အထက်မင်းလှ ဩဂုတ် ၁၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် သမဝါယမကဏ္ဍမှ ဆောင်ရွက်ထားသည့် ၂၀၂၅-၂၀၂၆ ခု မိုးနှောင်းဝါစိုက်ပျိုးထားရှိမှုအခြေနေကို ယနေ့နံနက် ၁၀ နာရီက တိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး၊ မြို့နယ်သမဝါယမဦးစီးအရာရှိနှင့် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌတို့မှ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ထို့နောက် မိုးနှောင်းဝါစိုက်ပျိုးရန်အတွက် အထွက်တိုးမျိုးဖြစ်သည့် Raka 666 မျိုး စိုက်ပျိုးထားသည့် မယ်ဇလီတော စိုက်/ထွေမှ အသင်းသားတောင်သူ ဦးဘိုတိုး၏ (၁.၅)ဧကရှိသော ဝါစိုက်ခင်းအား မကွေးတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ဇော်ထွန်း၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးလွင်ညီညီနှင့် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးကံသိန်းတို့မှ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ဇော်ထွန်းက တောင်သူများ ဝါစိုက်ပျိုးရာတွင် ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် စိုက်ပျိုးမြေပြုပြင်ပြီး မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးပေးရန်လိုအပ်ကြောင်း၊ ရေရရှိရေးနှင့် နည်းပညာများကို သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်သမဝါယမ ဦးစီးဌာန ဦးစီးအရာရှိ ဦးလွင်ညီညီက ဝါစိုက်ပျိုးထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဝင်းမြတ်(အထက်မင်းလှ)