အောင်လံမြို့နယ်၌ ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှု အစာအုပ်စုပြိုင်ပွဲ အခမ်းအနားကျင်းပ

အောင်လံ ဩဂုတ် ၁၈

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် ကျောင်းကျန်းမာရေးဌာနမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှု အစာအုပ်စုပြိုင်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အောင်လံမြို့၊ အ.ထ.က(ရွာထောင်) ရွှေရတုခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် သူနာပြုဆရာမကြီး ဒေါ်တင်တင်နိုင်က ကျောင်းကျန်းမာရေးနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ Grade-3 ကျောင်းသား/ကျောင်းသူလေးများမှ စနစ်မှန်လက်ဆေးနည်း လက်တွေ့သရုပ်ပြသခြင်း၊ Grade-4 ကျောင်းသား/ကျောင်းသူလေးများမှ စနစ်မှန်သွားတိုက်နည်း လက်တွေ့သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ ခန္ဓာကိုယ်ကြီးထွားစေသောအုပ်စု၊ အင်အားဖြစ်စေသောအုပ်စု၊ ရောဂါကာကွယ်စေသောအုပ်စု အစာအုပ်စု(၃)အုပ်စု ရွေးချယ်ပြိုင်ပွဲ ကျင်းပခဲ့ပြီး၊ ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများ၊ စနစ်မှန်လက်ဆေးနည်းနှင့် စနစ်မှန်သွားတိုက်နည်းတို့တွင် ပါဝင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)