ရမည်းသင်းမြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်နှင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနား ကျင်းပ
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ (၂၀၂၅-၂၀၂၆) ပညာသင်နှစ်၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုနှင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု (ခရိုင်/မြို့နယ်အဆင့်) အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရမည်းသင်းမြို့နယ် မြို့မ (အ.ထ.က) အစည်းအဝေးခန်းမ၌ ကျင်းပသည်။