စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍနှင့် ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းအမှတ်စဉ်(၁/၂၀၂၅)သင်တန်းဖွင့်ပွဲ အခမ်းအနား တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍနှင့် ဝန်ထမ်းများစွမ်း ဆောင်ရည်မြှင့်တင်ခြင်း သင်တန်းအမှတ်စဉ်(၁/၂၀၂၅)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဩဂုတ်လ ၁၈ ရက်၊ နံနက်ပိုင်းတွင်  တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ သင်တန်းဖွင့်ပွဲအခမ်း အနားသို့ တိုင်းဒေသကြီး ဝန်ကြီချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီးအဆင့် ဌာနဆိုင်ရာများနှင့် သင်တန်းသား၊သင်တန်းသူများ တက်ရောက်ကြသည်။

မှော်ဘီမြို့နယ်၌ နိုင်ငံ့ဝန်ထမ်း(ငြိမ်း)ပင်စင်စားများနှင့် ရုံးသို့နိုင်ငံသားစိစစ်ရေးကဒ်လာရောက်ဆောင်ရွက်သူများအား UID နံပါတ်များဆက်လက်ဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မှော်ဘီခရိုင်မှူးနှင့် မှော်ဘီမြို့နယ်ဦးစီးမှူးတို့၏ ဦးစီးဦးဆောင်ကြီးကြပ်မှုဖြင့် မှော်ဘီမြို့နယ်ဦးစီးမှူးရုံးမှ လဝကမှူးဒေါ်ခင်စိုးသန်းနှင့်ဝန်ထမ်း(၅)ဦးတို့က မြို့နယ်လူဝန်မှုကြီးကြပ်ရေးဦးစီးမှူးရုံးတွင် နိုင်ငံ့ဝန်ထမ်း (ငြိမ်း)ပင်စင်စားများအား Biometric ကောက်ယူခြင်း၊ Smart Card များပြုလုပ်ပေးခြင်းလုပ်ငန်းနှင့် UID နံပါတ်ထုတ်ပေခြင်းများကို ဆက်လက်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။ 

မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေစမ်းသပ်မဲပေးခြင်း အခမ်းအနားပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဦးဆောင်ကာ မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေစမ်းသပ်မဲပေးခြင်း အခမ်းအနားကို ကျုံပျော်မြို့ ဧရာမင်းခန်းမ၌ ယနေ့နံနက် ၉ နာရီက ပြုလုပ်သည်။

ကော့မှူးမြို့နယ် မူလွန်(ပတုပ်)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာ‌စောင်ပြပွဲ ကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများစာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတရရှိ‌စေရေးအတွက် အခြေခံပညာကျောင်းများ၌ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ‌ ယနေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ အခြေခံပညာမူလတန်း‌လွန်ကျောင်း(မူလွန်-ပတုပ်)ကျောင်း၌ အသိပညာ‌ပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာ‌စောင်ပြပွဲများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဓနုဖြူမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် မဲဆန္ဒရှင်များအားမဲပေးစက် ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ် မဲပေးခြင်းကို ယနေ့ သြဂုတ်လ ၁၈ရက်နေ့ နံနက်ပိုင်းက ပြည်လုံးချမ်းသာ စေတီတော် မြတ်ကြီးနှင့် ပိဋကတ်သုံးပုံကျောက်စာတိုက်ကြီး၏ ဘုရားဝန်းအတွင်းဗိမာန်၌ ကျင်းပသည်။

အိမ်မဲမြို့နယ်တွင် မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာအသိပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်း အနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ-ထ-က (၂)ကျောင်း ပညာ့ဗိမာန်ခန်းမတွင် မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မှ ဦးဆောင်ကျင်းပသည့် မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင် ရာအသိပေး ခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

ကျိုက်ထိုမြို့ အ.ထ.က-ခွဲ (ဇေယျာမွန်)၌ စာဖတ်ရှိန်မြှင့်တင်‌ရေးလူငယ်စကားဝိုင်း ပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်/လူရွယ်များဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်စကားဝိုင်းကို ဩဂုတ်လ ၁၄ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က ကျိုက်ထိုမြို့၊ အခြေခံပညာအထက် တန်းကျောင်းခွဲ ဇေယျာမွန်၌ ကျင်းပပြုလုပ် ခဲ့သည်။

ဒေးဒရဲမြို့နယ်၌ လူငယ်ရေးရာ အားကစား အသိပညာပေးဟောပြောပွဲနှင့် စုပေါင်းကိုယ်ကာယ လေ့ကျင့်ခန်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများက ထူးချွန်ထက်မြက်သော နိုင်ငံ့ဂုဏ်ဆောင်ပေါ် ထွန်းလာစေရန် ရည်ရွယ်၍ လူငယ်ရေးရာအားကစား အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီက ကြာကရက်ကျေးရွာ၊ အခြေခံပညာအထက်တန်း ကျောင်း (ခွဲ)၌ ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။

ကျောက်တံခါးမြို့နယ်၌ မဲဆန္ဒရှင်များအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်စည်ပင်သာယာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to