ဟိုပုံး ဩဂုတ် ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့် စပ်လျဥ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများကို ယနေ့နံနက်(၁၀)နာရီအချိန်က နမ့်ခုတ်ကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်သည်။
ထိုသို့ အသိပညာပေးကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးအောင်ကျော်သူက နမ့်ခုတ်ကျေးရွာရှိ ဒေသခံပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးဟောပြောပြီးနောက် ဒေသခံပြည်သူများက ကိုယ်တိုင်လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဟိုပုံးမြို့နယ်အတွင်းရှိ မြို့ပေါ်(၆)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၂)အုပ်စုတို့တွင် မဲဆန္ဒရှင်ပြည်သူများကို ရှင်းလင်းသရုပ်ပြခြင်းနှင့် စမ်းသပ်မဲပေးခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)