မိုင်းယန်း ဩဂုတ် ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယနေ့နံနက် ၁၀ နာရီက ပါနွန်း၊ ကျိုင်းဟင်ရပ်ကွက် ပါလျှံဘုန်းတော်ကြီးကျောင်း၌ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဦးစီးမှူး ဦးမျိုးသက်ခိုင်နှင့် ဝန်ထမ်းများက ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်း၊ ဟောင်းနွမ်းအိမ်ထောင်စုစာရင်းများအား အသစ်လဲလှယ်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေး တိုး/ပြောင်းရွှေ့၊ မိတ္တူပြုလုပ်ပေးခြင်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများကို မိုင်းယန်းခရိုင် အုပ်ချုပ်ရေးမှူး ဦးလင်းသန့်၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ကျော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးနှင့် တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းထူး