ဘုတ်ပြင်း ဩဂုတ် ၁၈
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) ဆိုင်ရာအသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်မှုကို ယနေ့နံနက်က ရွှေဘုံသာရပ်ကွက်ရှိ မြို့နယ်အားကစားခန်းမ၌ ကျင်းပသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှတာဝန်ရှိသူများက မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) အသုံးပြု၍ မဲပေးခြင်းရည်ရွယ်ချက်များနှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် ရပ်ကွက်နေပြည်သူများက မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)ဖြင့် သက်ဆိုင်ရာ လွှတ်တော်များအလိုက် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခဲ့ကြပြီး တာဝန်ရှိသူများက မဲရလဒ်များအား ထုတ်ယူစစ်ဆေးခြင်း လက်တွေ့ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ သရုပ်ပြလက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်နေမှုအား ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမင်းကိုနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးညီညီနှင့် အဖွဲ့ဝင်များ၊မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများကကြည့်ရှုအား ပေးခဲ့ကြကြောင်းသိရသည်။
ဘုတ်ပြင်း ( ပြန်/ဆက်)