ကျောက်တံတား ဩဂုတ် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့ နံနက် ၁၁ နာရီအချိန်တွင် အမှတ်(၁)၊ အခြေခံပညာအလယ်တန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဖြင့် စာအုပ်စာစောင်များကို ငှါးရမ်းပေးခဲ့သည်။
အဆိုပါ နယ်လှည့်စာကြည့်တိုက်ုလုပ်ငန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမြင့်ရွှေနှင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာအုပ်စာပေများကိုပါ လေ့လာဖတ်ရှုကြစေရန်အတွက် ယဉ်ကျေးလိမ္မာပုံပြင်များ၊ ဓမ္မရုပ်ပြစာအုပ်များနှင့် ရုပ်ပြစာအုပ်များကို ငှါးရမ်းပေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာအုပ်များကို စာဖတ်သူလက်ဝယ်အရောက် နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် ငှါးရမ်းပေးခြင်း လုပ်ငန်းများအပြင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများအဖြစ် အသိပညာပေးဟောပြောပွဲများ၊ ပြပွဲပြိုင်ပွဲများပြုလုပ်ပေးခြင်း၊ Talk Show ရိုက်များရိုက်ကူး၍ Online မှတစ်ဆင့် ထုတ်လွှင့်ကာ အသိပညာပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)