ရန်ကုန် သြဂုတ် ၂၀
ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်သို့ ဇူလိုင်လအတွင်း ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည် (၆) သိန်းဝန်းကျင် လာရောက်ဖူးမြော်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်းဂေါပကအဖွဲ့မှ သိရသည်။
အဆိုပါကာလအတွင်း ဘုရားဖူးလာရောက်မှုအနေဖြင့် သံဃာတော်(၁၁,၈၈၇)ပါး၊ သာသနာ့နွယ်ဝင် သီလရှင် (၅,၃၂၃) ပါး၊ အမျိုးသား (၂၆၉,၆၅၄)ဦး၊ အမျိုးသမီး (၃၀၆,၄၈၆) ဦး၊နိုင်ငံခြားသား(၂,၉၁၆) ဦး၊ နိုင်ငံခြားသူ (၃,၀၃၅) ဦး စုစုပေါင်း (၅၉၉,၃၀၁) ဦး ဖြစ်သည်။
အဆိုပါကာလ၌ ရွှေတိဂုံစေတီတော်သို့ ဘုရားဖူးလာရောက်မှုသည် ရုံးဖွင့်ရက်များတွင် တစ်ရက်လျှင် အနည်းဆုံးလူဦးရေ တစ်သောင်းဝန်းကျင်မှ တစ်သိန်းသုံးသောင်းဝန်းကျင်အထိ လာရောက်ကြပြီး အများပြည်သူရုံးပိတ်ရက်များဖြစ်သည့် ဇူလိုင်လ (၆) ရက် (တနင်္ဂနွေနေ့) တွင် လာရောက်သူဦးရေ (၃၄,၂၈၀)၊ ဇူလိုင်လ (၉) ရက်၊ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) တွင် (၁၂၈,၁၆၂)ဦး၊ ဇူလိုင်လ (၁၉) ရက် (အာဇာနည်နေ့) တွင် (၃၀,၀၆၅) ဦး လာရောက်ဖူးမြော်ကြသည်။
ရွှေတိဂုံစေတီတော်ဘဏ္ဍာထိန်းဂေါပကအဖွဲ့သည် ရပ်နီးရပ်ဝေးမှ ဘုရားဖူးများ အဆင်ပြေစေရန်နှင့် စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်စေရန် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်မှစ၍ ဘုရားဖူးမြော်ချိန်ကို နံနက် (၅) နာရီမှ ည (၉) နာရီအထိ ဖွင့်လှစ်ပေးလျက်ရှိရာမှ ၂၀၂၄ ခုနှစ် ၊ ဇွန်လ (၂၁) ရက်မှစ ၍ နံနက် (၄) နာရီမှ ည (၁၀) နာရီအထိ တိုးမြှင့်ဖွင့်လှစ်ပေးထားကြောင်း သိရသည်။
အောင်မြင့် (ပြန်/ဆက်)