ကျောက်ဆည်မြို့နယ်နှင့်စဉ့်ကိုင်မြို့နယ်၌ စားအုန်းဆီတစ်ပိဿာ(၇၃၈၅)ကျပ်ဖြင့် (၅၆၂)ပိဿာ ရောင်းချပေး

ကျောက်ဆည်  ဩဂုတ် ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် အသင်းဝင် စားအုန်းဆီရောင်းဝယ်ရေးဆိုင်များမှ ပြည်သူများ စားနပ်ရိက္ခာဖူလုံရေး အထောက်အကူဖြစ်စေရန်ရည်ရွယ်ပြီး ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်းသိရပြီး ယမန်နေ့က ကျောက်ဆည် မြို့နယ်နှင့် စဉ့်ကိုင်မြို့နယ်၌ စားအုန်ဆီတစ်ပိဿာငွေ(၇၃၈၅)ကျပ်ဖြင့် စားအုန်းဆီ(၅၆၂)ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချပေးရာတွင် ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများကို သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီသည့် စားအုန်းဆီများကို ဝယ်ယူသူများအဆင်ပြေစေရေး ဆီဝယ်ယူခွင့်စာအုပ် တစ်အုပ်များပြုလုပ်၍ ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် ကျောက်ဆည်မြို့နယ်တွင် ဦးအောင်လွင် (နေလသုခ) စားသုံးဆီ လက်လီလက်ကားအရောင်းအဝယ်ဆိုင်မှ သပြေကုန်းကျေးရွာမှပြည်သူများအား (၂၃၂)ပိဿာ၊ စဉ့်ကိုင်မြို့နယ်တွင် ဦးစိုးမောင်(အောင်စိုးမိုးဦး) စားသုံးဆီလက်လီလက်ကား အရောင်းအဝယ်ဆိုင်မှ တရုပ်စုရပ်ကွက်ရှိ ပြည်သူများအား (၃၃၀)ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)