ကွန်ဟိန်း ဩဂုတ် ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် ပြည်သူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ တိုးတက်လာစေရန်နှင့် အသိပညာဗဟုသုတများတိုးတက်လာစေရန်အတွက် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ကွင်းဆင်းငှားရမ်းခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စာအုပ်ငှားရမ်းပေးရာတွင် သုတ၊ ရသစာအုပ်များ၊ ပုံပြင်၊ ရုပ်ပြ၊ မဂ္ဂဇင်း၊ ဝတ္ထုစာအုပ်များ စုံလင်စွာ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)