ဒက္ခိဏသီရိမြို့နယ်၌ မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် စမ်းသပ်မဲပေးခြင်း ဆောင်ရွက်မှု အခမ်းအနားကျင်းပ

နေပြည်တော် ဩဂုတ် ၂၀

မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် စမ်းသပ်မဲပေးခြင်းဆောင်ရွက်မှု အခမ်းအနား ယ‌မန်နေ့က ပြည်ထောင်စုနယ်၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရွှေအင်ကြင်းရပ်ကွက်ရှိ ရပ်ကွက်ဓမ္မာရုံတွင်ကျင်းပရာ ဒက္ခိဏသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးမင်းထက်အောင်နှင့် တာဝန်ရှိသူများ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကြည်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးညီညီလွင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ တက်ရောက်သည်။

ဦးစွာ ဒက္ခိဏသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးမင်းထက်အောင်က မဲပေးစက်နှင့် မဲပေးပုံအဆင့်ဆင့်အား မဲပေးစက်နှစ်လုံးဖြင့် လက်တွေ့သရုပ်ပြ မဲပေးခြင်းအား ရှင်းလင်း‌ပြောကြားခြင်းနှင့် MEVM(Myanmar Electronic Voting Machine)စနစ်ဖြင့် မဲပေးပုံပေးနည်းများအား MEVM စနစ်ဖြင့် လက်တွေ့မဲပေးခြင်းလုပ်ငန်းများ၊ စမ်းသပ်လေ့ကျင့် ဆောင်ရွက်ခြင်းများကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်သူရဦး(ပြန်/ဆက်)