အမရပူရ​​မြို့နယ် အ.ထ.ကယန္တရား၌ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ဆုချီးမြှင့်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအုပ်စုရှိ အခြေခံပညာအထက်တန်းကျောင်း (ယန္တရား)တွင် ယနေ့နံနက် ၉ နာရီက ကျောင်းကောင်စီဥက္ကဋ္ဌ ဖလားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။

ဧရာဝတီတိုင်း‌ဒေသကြီးဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံကိန်းနှင့် အကျုံးမဝင်သည့်တောင်သူများအား သွင်းအားစုဓာတ်မြေဩဇာများ ဖြန့်ဖြူးပေးအပ်ပွဲအခမ်းအနားတက်ရောက်

နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံကိန်းနှင့် အကျုံးမဝင်သည့်တောင်သူများအား သွင်းအားစုဓာတ်မြေဩဇာများ ဖြန့်ဖြူးပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြောင်းမြမြို့နယ်နှင့် ဝါးခယ်မမြို့နယ်တို့တွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်တက်ရောက်၍ တောင်သူများအား ဓာတ်မြေဩဇာများပေးအပ်ခဲ့ကြောင်း သိရသည်။

ရေတာရှည်မြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာ ရှည်မြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၌ ပြုလုပ်ခဲ့သည်။

သနပ်ပင်မြို့နယ်၌ သမဝါယမမိုးစပါးစီမံကိန်းစိုက်ပျိုးထားရှိမှုအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်သမဝါယမဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါ်ချောစုလိူင်နှင့် အဖွဲ့သည် ကမာဖရံကျေးရွာအုပ်စုအတွင်းရှိ "ဒိုင်းမွန်း" စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းသား တောင်သူဦးစိုးမင်း၏ လယ်တွင် မိုးစပါးစံပြကွက်စိုက်ပျိုးထားရှိမှုနှင့် အောင်နိုင်တိုးစပါးမျိုးဖြင့် မိုးစပါးစိုက်ပျိုးထားရှိမှုအား ယမန်နေ့ မနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် သံတော်ဦးကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းကောင်စီဥက္ကဋ္ဌ ဖလားအမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် သံတော်ဦးကိုယ်ပိုင်အထက်တန်းကျောင်း၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကောင်စီဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မြို့နယ်အားကစားကွင်း၌ ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ပုသိမ်ကြီးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေအလင်းရောင် ကျောင်းစာကြည့်တိုက် (၂) နှစ်ပြည့် အထိမ်းအမှတ်နှင့် အလှူရှင်ဂုဏ်ပြုပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ကျေးရွာရှိ အမှတ် (၁၈) အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နံနက် ၈ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေအလင်းရောင် ကျောင်းစာကြည့်တိုက် (၂) နှစ်ပြည့် အထိမ်းအမှတ်နှင့် အလှူရှင်ဂုဏ်ပြုပွဲ အခမ်းအနား ကျင်းပခဲ့သည်။

မင်းလှမြို့ လူထုအခြေပြုဗဟိုဌာန၌ မြို့နယ်သဘင်အစည်းအရုံးအစည်းအဝေးပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Center) ခန်းမ၌ မြို့နယ်သဘင်အရုံးအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

မန္တလေးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ခွဲဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မန္တ‌လေးခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ခွဲဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀နာရီက ခရိုင်ကော်မရှင်ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 ကျောက်ဆည်မြို့နယ် ဆူးလေကုန်းကျေးရွာရှိ ပြည်သူများအား စားအုန်းဆီ (၃၃၀) ပိဿာ ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ပြည်သူများ စားနပ်ရိက္ခာဖူလုံရေး အထောက်အကူဖြစ်စေရန် ရည်ရွယ်ပြီး စားအုန်ဆီများ ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဆူလေကုန်းကျေးရွာရှိ ပြည်သူများအား စားအုန်းဆီ (၃၃၀) ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
Subscribe to