ပုသိမ်ကြီးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေအလင်းရောင် ကျောင်းစာကြည့်တိုက် (၂) နှစ်ပြည့် အထိမ်းအမှတ်နှင့် အလှူရှင်ဂုဏ်ပြုပွဲ ကျင်းပ

ပုသိမ်ကြီး ဩဂုတ် ၂၅

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ကျေးရွာရှိ အမှတ် (၁၈) အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နံနက် ၈ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေအလင်းရောင် ကျောင်းစာကြည့်တိုက် (၂) နှစ်ပြည့် အထိမ်းအမှတ်နှင့် အလှူရှင်ဂုဏ်ပြုပွဲ အခမ်းအနား ကျင်းပခဲ့သည်။

ဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး၊ အောင်မြေသာစံခရိုင် ပညာရေးမှူး ဦးသိန်းဒန်က ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။ ထို့နောက် စက်ရေတွင်းအလှူရှင်အား ကျောင်းအုပ်ဆရာမကြီး ဒေါ် နွဲ့နွဲ့ရီက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။

ဆက်လက်၍ စာဖတ်ရှိန်မြှင့်တင်ရေးအနေဖြင့် ကဗျာရွတ်၊ ပုံပြင်ပြောပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများမှ ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ အခမ်းအနားဖြစ်မြောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခဲ့အပေါ် ကျောင်းအုပ်ကြီးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)