မန္တလေးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ခွဲဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မန္တလေး ဩဂုတ် ၂၅

မန္တလေးတိုင်းဒေသကြီး၊ မန္တ‌လေးခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ခွဲဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀နာရီက ခရိုင်ကော်မရှင်ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် မန္တလေးခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဥက္ကဋ္ဌဦးစိုးထွန်းက ခရိုင်‌ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များအနေဖြင့် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်ရေးအတွက် မဲစာရင်းပြုစုခြင်း လုပ်ငန်းသည် အဓိကကျသဖြင့် ဝိုင်းဝန်းဆောင်ရွက်ပေးဖို့ လိုအပ်ပါကြောင်း၊ မဲပေးစက်ကိုင်တွယ်အသုံးပြုပုံများ ကျွမ်းကျင်တတ်မြောက်ရမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်(၁) ဦးသန်းကြွယ်နှင့် အဖွဲ့ဝင် (၂) ဦးသက်နိုင်တို့က ရွေးကောက်ပွဲရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးရှင်းလင်းခဲ့သည်။

ဆက်လက်ပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးသက်ဆွေဦးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကြီး၏ လမ်းညွှန်ချက်များနှင့်‌ ရှေ့လုပ်ငန်းစဉ်များ အကောင်အထည် ဖော်လုပ်ဆောင်နိုင်ရေးအတွက် ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ခရိုင်ကော်မရှင်‌အဖွဲ့ဝင်များက မိမိတို့အနေဖြင့် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများကို မေးမြန်းဆွေးနွေးခဲ့ရာ ခရိုင်ကော်မရှင်အဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်း‌ဖြေကြားခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင်