ကျောက်ဆည်မြို့နယ် ဆူးလေကုန်းကျေးရွာရှိ ပြည်သူများအား စားအုန်းဆီ (၃၃၀) ပိဿာ ရောင်းချပေး

ကျောက်ဆည် ဩဂုတ် ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ပြည်သူများ စားနပ်ရိက္ခာဖူလုံရေး အထောက်အကူဖြစ်စေရန် ရည်ရွယ်ပြီး စားအုန်ဆီများ ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဆူလေကုန်းကျေးရွာရှိ ပြည်သူများအား စားအုန်းဆီ (၃၃၀) ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချပေးရာတွင် ဝယ်ယူသူများအဆင်ပြေစေရေး ဆီဝယ်ယူခွင့်စာအုပ်များ ပြုလုပ်ပေး၍ ဒေါ်စန်းစန်းဌေး (နေလသုခ-၂) စားသုံးဆီလက်လီလက်ကားအရောင်းဆိုင်မှ ကျန်းမာရေးနှင့်ညီညွှတ်သော စားသုံးဆီများ တင်သွင်းသည့် ကုပ္မဏီနှင့်ချိတ်ဆက်၍ ဆီဝယ်စာအုပ်တစ်အုပ်အတွက် စားအုန်းဆီ (၂) ပိဿာနှုန်းဖြင့် ပြည်သူများလက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)