မအူပင်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသုံးဓါတ်မြေဩဇာအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာ အရောင်းဆိုင်များ၌ အရည်အသွေးနိမ့် ဓာတ်မြေဩဇာများ ရောင်းချနေမှု ရှိ/မရှိ ၊ ကုန်အညွှန်းအမှတ် အသားဖော်ပြပါဝင်သည့်အချက်အလက်များ ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက်(၁၀) နာရီအချိန်က သက်ဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။