ရေတာရှည် ဩဂုတ် ၂၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာ ရှည်မြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်ဝင်းမှ အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက လုပ်ငန်းဆောင်ရွက်မှုများအပေါ် အကြံပြုဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးက ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် ညွှန်ကြားချက်များ၊ သိသင့်သိထိုက်သည့် အချက်အလက်များ၊ မဲပေးစက်နဲ့ပတ်သက်၍ ရှင်းလင်းပြောကြားဆွေးနွေးခဲ့သည်။
ယင်းနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက သိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)